Body Heat
ရှေ့နေနက်ဒ်ရာဆင်းက အကျင့်ပျက်ခြစားမှုတွေ မရှားတဲ့မြို့မှာ အခွင့်အရေးရရင် လိမ္မာပါးနပ်သလို အကွက်ဆင်ပြီး လူလွတ်ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းနေသူပါ။ တစ်ညမှာ မတ်တီဝေါ်ကာဆိုတဲ့ အမျိုးသမီးနဲ့ ဆုံမိရာက သူ့ကို စွဲလမ်းသွားတယ်။ မတ်တီမှာ အိမ်ထောင်ရှိပေမဲ့ နက်ဒ်က လက်မလျှော့ဘဲ လိုက်ခဲ့သလို ခင်ပွန်းအပေါ် မကျေနပ်ချက်ရှိနေတဲ့ မတ်တီကလည်း သူ့ကို လက်ခံလိုက်ပါတယ်။ နှစ်ယောက်သား မတ်တီ့ခင်ပွန်းမသိအောင် တွေ့ဆုံနေကြရာက ပိုကြီးတဲ့ ပြစ်မှုတစ်ခုကို ကျူးလွန်ဖို့ စိတ်ကူးလာကြတယ်။ ငွေကြေးချမ်းသာတဲ့ မတ်တီ့ခင်ပွန်းကို လုပ်ကြံပြီး ကျန်ရစ်မယ့်အမွေတွေကို သူတို့နှစ်ယောက် သိမ်းယူဖို့ပါ။ ဒါပေမဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ရင်း ကြုံလာရတာတွေက ထင်ထားသလို ဖြစ်မလာတော့ဘူး။ နက်ဒ်လည်း ကိုယ်ယုံကြည်မိသူကြောင့်ပဲ ဒုက္ခရောက်တော့မလားဆိုပြီး တုန်လှုပ်စပြုလာပါတယ်။ William Hurt ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီကားက လိင်မှုအကြောင်းအရာတွေပါတဲ့ Neo-Noir ရာဇဝတ်မှုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း