ဇာတ်ကားများ ရွေးရန်

Reroute

2022ဇာတ်ကားအမှတ် 6.0/10114 မိနစ်

အိမ်ထောင်ရေး အဆင်ပြေပုံမရတဲ့ လင်မယားနှစ်ယောက်ဟာ ခင်ပွန်းဖြစ်သူရဲ့ သူငယ်ချင်းတွေ ဖျော်ဖြေမယ့်ပွဲကို သွားဖို့ ခရီးထွက်လာကြပါတယ်။ လမ်းမှာ ခင်ပွန်းဒန်ရဲ့ မွေးရပ်ရွာကို ဖြတ်ရမှာမို့ သူ့အဖေဆီလည်း ဝင်လည်ဖို့ ရှိတယ်။ ဒါပေမဲ့ ရွာနားရောက်ခါနီးမှာ အာဏာပိုင်တွေက စစ်ဆင်ရေးတစ်ခုကြောင့် လမ်းပိတ်ထားပြီး လမ်းလွှဲကနေ သွားခိုင်းပါတယ်။ လမ်းလွှဲအတိုင်းသွားရင် အဝေးကြီး နောက်ပြန်မောင်းရမှာမို့ ဒန်က နယ်မြေကျွမ်းတယ်ဆိုပြီး နီးရာလမ်းတစ်ခုကနေ ဖြတ်မောင်းလိုက်တယ်။ အဲဒီမှာပဲ လူသူဝေးတဲ့ တောလမ်းအလယ်မှာ ကားပျက်သွားပါတယ်။ ဖုန်းလိုင်းလည်းမမိ၊ ကားလည်းမပြင်တတ်နဲ့ အခက်တွေ့နေတုန်း သားကောင်အသေတစ်ကောင် ထမ်းလာတဲ့ လူကြီးတစ်ယောက်နဲ့ တွေ့ကြတယ်။ သူက စက်ပြင်ဆရာကို စောင့်ရင်း သူ့အိမ်မှာ နားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အဲဒီအိမ်ကို ရောက်ချိန်ကစပြီး နားလည်ရခက်တဲ့ ကိစ္စတွေ တစ်ခုပြီးတစ်ခု ကြုံလာရတော့တယ်။ လူသူနဲ့ဝေးတဲ့ တောထဲက အိမ်ကြီးမှာ ကြမ်းတမ်းခက်ထန်ပုံရတဲ့ အိမ်ရှင်လူကြီးနဲ့ သူနဲ့အသက်ကွာပြီး အကြည့်တွေက အကဲခတ်ရခက်တဲ့ ဇနီးတို့ ရှိနေကြတယ်။ ဒန်တို့လင်မယား ဒီအိမ်မှာ ဘာတွေ ဆက်ကြုံရဦးမလဲ။ Cindy Miranda ပါဝင်ထားတဲ့ ဒီသည်းဖိုဇာတ်ကားကို အစောပိုင်းမှာ အဖြူအမည်းပုံစံနဲ့ ထုတ်ခဲ့ပြီး Director’s Cut မှာတော့ ရောင်စုံမြင်ကွင်းကျယ်ပုံစံနဲ့ တင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း