ဇာတ်ကားများ ရွေးရန်

Big Deal

2025ဇာတ်ကားအမှတ် 7.3/10104 မိနစ်

Big Deal (2025) IMDb... 7.7 ဒီတစ်​ခေါက်မှာတော့ Taxi Driver ထဲက မင်းသား Lee Je Hoon, Exhuma ထဲက မင်းသားကြီး Yoo Hae Jin နဲ့ Hansan: Rising Dragon ထဲမှ မင်းသား Son Hyun Joo တို့ အဓိကပါဝင်ထားတဲ့ စီးပွား‌ရေးဒရာမာကားလေးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားလေးက​တော့ ၁၉၉၇ ခုနှစ် အာရှ​ငွေ​ကြေးအကျပ်အတည်းကာလက ကိုရီးယားဆိုဂျူ​လုပ်ငန်းအ​ကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဖြိုဂျုံရို့ (Yoo Hae Jin) က ​ငွေ​ကြေးအခက်အခဲကြုံ​တွေ့​နေတဲ့ ဂုဘိုလုပ်ငန်းစုရဲ့ ဒါရိုက်တာတစ်​ယောက်ဖြစ်ပြီး ကုမ္ပဏီကို ကယ်တင်နိုင်မယ့် အကြံ​ပေးတစ်​ယောက်ကို ရှာဖွေနေတဲ့သူပါ။ ချွဲအင်ဘုမ်း (Lee Je Hoon) က​တော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ​ရေးကုမ္ပဏီဖြစ်တဲ့ ဆိုးလ်ကွင်းရဲ့ ရည်မှန်းချက်ကြီးတဲ့ ဝန်ထမ်းတစ်​ယောက်ဖြစ်ပြီး ဂုဘိုလုပ်ငန်းရဲ့ စီမံခန့်ခွဲခွင့်ကို ရယူဖို့အတွက် ​အတိုင်ပင်ခံအဖွဲ့အဖြစ် ဟန်​ဆောင်ပြီး ဖြိုဂျုံရို့ဆီကို အကြံနဲ့ ချဥ်းကပ်လာပါ​တော့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဂုဘိုလုပ်ငန်းရဲ့  ဥက္ကဌဖြစ်သူ ​ဆော့ဂျင်အူ (Son Hyun Joo) ဟာ ​လောင်းကစားကိစ္စ​ကြောင့် ပြည်သူ​တွေရဲ့ ​ဝေဖန်မှုကို ခံ​နေရပြီး ဂုဘိုလုပ်ငန်းဟာ အ​ကြွေးပြန်မဆပ်နိုင်တဲ့ အ​ခြေအ​နေထိ ​ရောက်လာတာ​ကြောင့် ဒီအခွင့်အ​ရေးကို အရယူပြီး ချွဲအင်ဘုမ်းတစ်​ယောက် ဂုဘိုကုမ္ပဏီရဲ့ လျှို့ဝှက်အချက်အလက်​တွေကို လှည့်ထုတ်ယူပြီး​နောက် ဂုဘိုကုမ္ပဏီရဲ့ စီမံခန့်ခွဲခွင့်ကို ရယူဖို့အတွက် ​​ တရားစွဲဆိုပြီး စတင်တိုက်ခိုက်လာတဲ့အခါမှာတော့... ဖြိုဂျုံရို့နဲ့ ဂုဘိုလုပ်ငန်းစု ပြန်လည် ရုန်းထနိုင်မလား.. ဆိုးလ်ကွင်းဘက်က ကုမ္ပဏီစီမံခန့်ခွဲခွင့်ကို အရယူနိုင်သွားမလား.. ဆိုတာကို စီးပွားရေးလှည့်ကွက်များစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရိုက်ကူးထားတဲ့  ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ရှုစားကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Stary မှ ရေးသားပေးထားပါတယ်ပါတယ်။) File Size :1.05GB/ 550MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:45:08 Genre : Business, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Stary, Miri & Hnin Wai Oo Encoded by Tiff

ဇာတ်လမ်းအကြောင်း