ဇာတ်ကားများ ရွေးရန်

Khilre Hoye Warke Kudrat

2025ဇာတ်ကား121 မိနစ်

Khilre Hoye Warke Kudrat (2025)"နွံ" အသစ်ထွက်ထားတဲ့ ပန်ချာပီစကားပြော လူငယ်ဒရာမာ အချစ်ဇာတ်လမ်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ပန်ဂျပ်ပြည်နယ်ထဲမှာ မူးယစ်ဆေးကိစ္စတွေဟာ ထိန်းမရသိမ်းမရဖြစ်နေပါတယ်။ ရွေးကောက်ပွဲတွေမှာလည်း မဲဆွယ်အဖွဲ့တွေဟာ မူးယစ်ဆေးဝါးတွေကို ရအောင်ထိန်းချုပ်မယ်ဆိုတဲ့ကတိနဲ့ မဲဆွယ်ကြပါတယ်။ တစ်နေ့မှာတော့ လက်ရှိအာဏာရပါတီရဲ့ ဝန်ကြီး မဲဆွယ်နေတုန်းမှာ ကာရန်ဆိုတဲ့ ပန်းချီဆရာတစ်ယောက်က မူးယစ်ဆေးဝါးတွေကို နောက်ကွယ်ကဖြန့်နေတာ အစိုးရကိုယ်တိုင်ဖြစ်တယ်လို့ အများရှေ့မှာစွပ်စွဲလိုက်တဲ့အတွက် ပါတီကလူတွေက ရန်ရှာလာတာကြောင့် တခြားနေရာမှာ သွားရှောင်ရဖို့ဖြစ်လာပါတယ်။ အဲဒီလိုရှောင်ရင်းတိမ်းရင်း ကူဒရတ်ဆိုတဲ့ ဆေးစွဲနေတဲ့ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက်လုံးရဲ့ဘဝ ပြောင်းလဲဖို့ဖြစ်လာပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 1.2 GB / 600 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 1min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း