Kandahar
အမေရိကန်တပ်တွေ အာဖဂန်ကနေ ဆုတ်ခွာသွားပြီး တာလီဘန်တွေ ကြီးစိုးနေတဲ့ကာလမှာ ဇာတ်လမ်းစထားပါတယ်။ အီရန်နဲ့ အနောက်နိုင်ငံတွေကြား အနုမြူလက်နက်လျှော့ချရေး သဘောတူညီချက်ရဖို့ ကြိုးစားနေကြချိန်လည်း ဖြစ်တယ်။ စစ်ပြန်တစ်ယောက်ဖြစ်တဲ့ တွမ်ဟားရစ်က အမ်အိုင်-၆ အဖွဲ့ဝင်ဟောင်းဖြစ်ပြီး အခုတော့ စီအိုင်အေအတွက် အငှားအေးဂျင့်အဖြစ် လုပ်နေပါတယ်။ သူ့တာဝန်က အီရန်နိုင်ငံထဲ အသွင်ယူဝင်ရောက်ပြီး အနုမြူဓာတ်ပေါင်းဖိုတွေကို လျှို့ဝှက်ဖျက်ဆီးဖို့ပါ။ နောက်ဆုံးစစ်ဆင်ရေးတစ်ခု စခါနီးမှာတော့ ပင်တဂွန်ကနေ သတင်းပေါက်ကြားသွားပြီး တွမ်ရဲ့နာမည်နဲ့ ဓာတ်ပုံက အီရန်နဲ့ အာဖဂန်တစ်ဝန်း ပျံ့သွားပါတယ်။ တာလီဘန်၊ အိုင်းစစ်၊ အီရန်နဲ့ အယ်ကိုင်ဒါ စတဲ့ဘက်အသီးသီးက သူ့ကို လိုက်ဖမ်းဖို့ ကြိုးစားလာကြတယ်။ တွမ်နဲ့ စကားပြန် မိုဟာမက်တို့နှစ်ယောက်ဟာ အသက်ရှင်လွတ်မြောက်ဖို့ တိုက်ခိုက်ရင်း ထွက်ပြေးကြရတော့မှာပါ။ ဂျရက်ဘတ်တလာ ပါဝင်သရုပ်ဆောင်ထားပြီး Angel Has Fallen နဲ့ Greenland တို့ကို ရိုက်ကူးခဲ့တဲ့ Ric Roman Waugh က ဒါရိုက်တာအဖြစ် ရိုက်ကူးထားပါတယ်။
ဇာတ်လမ်းအကြောင်း