Killing the Competition
Killing the Competition (2025) ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်တွေကိုအခြေခံထားပေမယ့် ဇာတ်ကောင်တွေနဲ့ဇာတ်လမ်းကတော့ စိတ်ကူးဖန်တီးထားတာဖြစ်တယ်လို့ဆိုပါတယ်။ ဒါရိုက်တာက Lee Gabiana ဖြစ်ပါတယ်။Jane Espenson နဲ့ Christina Welshတို့ကရေးသားပေးထားပါတယ်။ သားသမီးနဲ့မိဘဆိုတာကတော့ မိဘကလည်းသားသမီးကို “မကောင်းမြစ်ထာ ကောင်းရာညွှန်လတ်ဆိုပေမဲ့ “ တစ်ချို့အရာတွေမှာကိုယ့်အမြင်နဲ့ကိုယ်တစ်အားမှန်တယ်ထင်ပြီး ထိန်းချုပ်ဖို့ကြိုးစားလာတဲ့အခါ ပဋိပက္ခဖြစ်လာတာကိုပြထားပါတယ်။ သားသမီးကလည်းကိုယ့်အမြင်နဲ့ကိုယ်ထင်ရာကိုကောက်ချက်ဆွဲမိဘစိတ်ထိခိုက်အောင်ပြောလာမျိုးကလည်းဖြစ်တတ်တဲ့သဘာဝတွေပါပဲ။ နောက်တစ်ခုက မိဘတွေရဲ့ အငုံ့စိတ်တွေ စိတ်ရင့်ကျက်မှုအဆင့်တွေကလည်း သားသမီးကိုထိန်းကျောင်းပုံသွင်းတဲ့နေရာမှာလာရိုက်ခတ်တဲ့အပြင်ကိုယ်ကိုယ်တိုင်ရဲ့ဘဝကိုပါထိခိုက်သွားနိုင်တာရှိပါတယ်။ အဖြစ်အပျက်တွေသာမတူမယ်လက်တွေ့ဘဝတွေမှာဒီလိုပဋိပက္ခတွေရှိနေတဲ့အတွက်လည်းဒီဇာတ်ကားကိုဖြစ်ရပ်မှန်လို့ပြောထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း အဲလစ်ဇဘက်ဖန်းဝှစ်ခ်( Melissa Joan Hart)က မိသားစုနဲ့အတူသူ့ဇာတိမြို့လေးကိုပြန်ပြောင်းလာပါတယ်။ သူ့မှာ ဂရေ့စ်ဆိုတဲ့သမီးလေးတစ်ယောက်နဲ့ဂျက်ခ်ဆန်ဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ်။ယောကျာ်းကလည်း အဲလစ်ဇဘက်ကိုချစ်ရှာပါတယ်။ ဂရေ့စ်(Lily Brooks O'Briant) ကသူ့အမေတက်တဲ့ အထက်တန်းကျောင်းမှာပြန်တက်ပါတယ်။ ထရက်ရှာရတ်စ်အကအဖွဲ့မှာပါဖို့ လူရွေးပွဲလုပ်တဲ့အခါ အဲလစ်ဇဘက်က ဂရေ့စ်ကိုသင်ပေးပါတယ်။ သူကိုယ်တိုင်ကလည်းတစ်ချိန်က ထရက်ရှာရတ်စ်အဖွဲ့မှာပါခဲ့ပြီး အဲဒီတုန်းကတော့ သူ့ကသူသိများတဲ့ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့ဖူးပါတယ်။ တကယ်ရွေးတော့ ဂရေ့စ်အရွေးမခံရဘူး။ အဲလစ်ဇဘက်က ချက်နဲ့လက်နဲ့ဘုတ်အဖွဲ့ကိုစောဒကတက်လိုက်တော့ ဂရေ့စ်တင်မကဘူး ပယ်ချခံထားရတဲ့မိန်းကလေးတွေကိုပါလက်ခံလိုက်ပါတယ်။ ဂရေ့စ်က သူ့ကိစ္စတွေမှာသူ့အမေစွက်ဖက်လွန်းတာကို သိပ်မကြိုက်ပါဘူး။ သူ့အမေကလည်းသူ့သမီးအမှားလုပ်ရင် ပြင်ပေးမယ် ကာကွယ်ပေးမယ်ဖြစ်နေပါတယ်။ ဂရေ့စ်ရဲ့ရည်းစားတိုင်လာကိုလည်းသဘောမကျ။ဂရေ့စ်ရဲ့သူငယ်ချင်းအသစ်ဟန်နာကိုလည်းသဘောမကျ။ နောက်တော့သားအမိနှစ်ယောက်စကားများကြရင်း ဂရေ့စ်က သူ့အမေကို သူတို့အကအဖွဲ့ကမယ့် ဘောလုံးပွဲဖွင့်ပွဲနေ့ကျရင်မလာပါနဲ့လို့ပြောလိုက်တော့အဲလစ်ဇဘက်တစ်အားခံစားသွားရပါတယ်။ တိုင်လာနဲ့ဟန်နာတို့ဂရေ့စ်မသိအောင်တွဲနေတယ်လို့အဲလစ်ဇဘက်ကသူ့ဘာသာထင်လာတဲ့အခါ အဲဒါကိုအတည်ပြုဖို့ကြိုးစားရင်းမထင်မှတ်တဲ့ပြဿနာတွေဖြစ်လာပါတော့တယ်။ ဘာတွေဖြစ်လာမယ် ဘယ်လိုအဆုံးသတ်မယ်ဆိုတာကတော့ ဆက်ကြည့်ပေးကြပါ။ Heartထိတဲ့ဇာတ်ကွက်ကလေးတွေနဲ့စကားတွေကတော့“ဒါပေမဲ့အမေ့ကိုကျွန်မသိစေချင်တာကနေ့တိုင်းတစ်ခုခုဖြစ်လာခဲ့ရင်ကျွန်မအမေ့ကိုအဲဒါတွေအတွက်ရှိစေချင်တယ်အဲဒီလိုမှမဟုတ်ရင်အမေ့ရဲ့အကြံပေးတာတာတွေကိုရချင်ပါတယ်” အစကတည်းကသာ မိဘကလည်းသားသမီးကိုလွတ်လပ်စွာရှင်သန်ခွင့်ပေးပြီး ဘေးကနေအသာထိန်းကျောင်းပေးခဲ့ရင် သားသမီးကလည်း မိဘရဲ့စေတနာ မေတ္တာကိုနားလည်ပြီးစိတ်ထိခိုက်အောင်မပြောခဲ့ရင် ဇာတ်သိမ်းလေးကလှမှာပါ။ သားသမီးဆိုတာရတနာတစ်ပါးဖြစ်သလိုအမေဆိုတာလည်းတန်ဖိုးဖြတ်မရတဲ့ရတနာတစ်ပါးပါ။ ကျွန်မကတော့ အဲလစ်ဇဘက်နေရာမှာ သရုပ်ဆောင်တဲ့ Melissa Joan Hart သရုပ်ဆောင်တာကိုတကယ်ကြိုက်ပါတယ်။ ပရိသတ်တွေလည်းကြိုက်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size… (2 GB) / (880 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Thriller Duration…. 01:27:03 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Khin Sakar Khin
ဇာတ်လမ်းအကြောင်း