Color of Night
စိတ်ဝေဒနာအတိုင်ပင်ခံ ဘေးလ်ကာပါဟာ ကုသပေးနေဆဲ လူနာတစ်ယောက်ကို တုန်လှုပ်စရာအဖြစ်နဲ့ ဆုံးရှုံးလိုက်ရပြီး သူကိုယ်တိုင်ပါ စိတ်ဒဏ်ရာရသွားပါတယ်။ အဲဒီစိတ်ဒဏ်ရာကို ကုစားဖို့ စိတ်ကုဆရာဝန်ဖြစ်တဲ့ သူငယ်ချင်း ဘော့ဘ်မိုးရ် နေထိုင်ရာ လော့စ်အိန်ဂျလိစ်မြို့ကို ထွက်လာခဲ့တယ်။ မိုးရ်ကုသပေးနေတဲ့ မတူညီတဲ့ဝေဒနာရှင် ငါးယောက်ရဲ့ ဆွေးနွေးဝိုင်းမှာ ပါဝင်ရင်း ပြန်လည်နာလန်ထူဖို့ ကြိုးစားနေချိန်မှာပဲ မိုးရ် ရက်ရက်စက်စက် အသတ်ခံလိုက်ရပါတယ်။ တရားခံဟာ မိုးရ်ရဲ့ လူနာအဖွဲ့ထဲက တစ်ယောက်ယောက်ဖြစ်နိုင်တယ်လို့ ရဲတွေက သံသယရှိနေကြတယ်။ ဒါပေမဲ့ အဖွဲ့ဝင်တွေကိုယ်တိုင်လည်း ပစ်မှတ်ထားခံနေရသလို ဖြစ်လာပါတယ်။ ဒီအချိန်မှာပဲ ဘေးလ်ရဲ့ဘဝထဲကို လျှို့ဝှက်ဆန်းကြယ်တဲ့ မိန်းကလေးတစ်ယောက် ဝင်လာပြီး သူလည်း တဖြည်းဖြည်း ငြိတွယ်လာတယ်။ သူတို့အဖွဲ့ကြုံနေရတဲ့ အဖြစ်ဆိုးတွေနဲ့ ဒီမိန်းကလေးကြား တိုက်ရိုက်ဆက်စပ်မှုရှိနေတာကို ဘေးလ် သတိထားမိလာပေမဲ့ အဖြစ်မှန်က သူထင်ထားတာထက် ပိုရှုပ်ထွေးနေပါတယ်။ ဒါရိုက်တာ Richard Rush ရိုက်ကူးထားပြီး ဘရုစ်ဝီလီစ်နဲ့ The Lover မှာ တိုနီလျောင်ခဖိုင်နဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတို့ ပါဝင်ထားပါတယ်။ လိင်မှုအကြောင်းအရာတွေနဲ့ လူသတ်မှုပဟေဠိကို ရောစပ်ထားတဲ့ ဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း