ဇာတ်ကားများ ရွေးရန်

Lady Chatterley's Lover

2022ဇာတ်ကားအမှတ် 6.7/10126 မိနစ်

Connie လက်ထပ်ပြီး မကြာခင်မှာပဲ ခင်ပွန်းဖြစ်သူဟာ ပထမကမ္ဘာစစ်ကြောင့် ခါးအောက်ပိုင်း အကြောသေသွားပါတယ်။ စစ်ပြီးတဲ့အခါ သူတို့ဟာ ခင်ပွန်းအမွေရထားတဲ့ Wragby အိမ်ကြီးဆီ ပြန်လာနေကြပြီး ကျောက်မီးသွေးမိုင်းတွင်းတွေကို ဦးစီးလုပ်ကိုင်ကြတယ်။ ခင်ပွန်းက လိင်ဆက်ဆံနိုင်စွမ်း မရှိတော့သလို Connie ကို ချစ်သူဇနီးမယားတစ်ယောက်အဖြစ် ဆက်ဆံတာထက် သူနာပြုတစ်ယောက်၊ အိမ်အကူတစ်ယောက်လို ပိုပြီး မှီခိုလာပါတယ်။ မြို့ကြီးကနေ ကျေးလက်ကို ရုတ်တရက်ပြောင်းလာရလို့ အသားမကျသေးတဲ့ Connie အတွက် ခင်ပွန်းရဲ့ အေးစက်လာတဲ့ ဆက်ဆံရေးနဲ့ မပြည့်ဝတဲ့ လိင်မှုဆန္ဒတွေကလည်း ဖိစီးနေတယ်။ Wragby အိမ်ကြီးဟာ သူ့အတွက် မှောင်မိုက်တိတ်ဆိတ်တဲ့ နေရာတစ်ခုလို ဖြစ်လာပါတယ်။ အိမ်တော်က မွေးမြူရေးအလုပ်သမား Oliver နဲ့ တွေ့လာချိန်မှာတော့ သူ့ဘဝထဲမှာ ပျောက်နေတဲ့ ခံစားချက်တွေ ပြန်နိုးထလာတယ်။ စိတ်အားလျော့နေတဲ့ Connie အတွက် Oliver ဟာ ပြန်အားကိုးတွယ်တာစရာ ဖြစ်လာပါတယ်။ ဒီ Netflix ဗားရှင်းမှာ The Crown Season 4 ရဲ့ ဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emma Corrin ပါဝင်ထားပါတယ်။ မူရင်းဝတ္ထုက ၁၉၂၈ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အဲဒီခေတ်က ညစ်ညမ်းစာပေအဖြစ် သတ်မှတ်ကာ နိုင်ငံအတော်များများမှာ ပိတ်ပင်ခံခဲ့ရတယ်။ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲအဖြစ်လည်း အကြိမ်ကြိမ် ပြန်ရိုက်ကူးထားပါတယ်။ ဒီကားရဲ့ ရင်းနှီးမှုအခန်းတွေကို သစ်ပင်တွေကြား၊ လယ်ကွင်းနဲ့ စမ်းချောင်းဘေးက သဘာဝမြင်ကွင်းတွေမှာ ရိုက်ကူးထားပြီး အပြာရောင်ကောင်းကင်နဲ့ အစိမ်းရောင်မြက်ခင်းကြား သရုပ်ဆောင်နှစ်ယောက်ကို အလယ်မှာထားတဲ့ ကင်မရာရိုက်ချက်မျိုးလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းအကြောင်း