Come Back Home
အေးခဲလှတဲ့ ဆောင်းရာသီမှာ မိသားစုတစ်စုဟာ ရှန်းကျန့်ခရီးသွားအဖွဲ့နဲ့အတူ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းက ချန်ပိုင်တောင်ဆီ ကားမောင်းလာကြပါတယ်။ အစမှာတော့ ပျော်ရွှင်စရာခရီးတစ်ခုဖြစ်ပေမဲ့ ဖခင်အားသယ်ရဲ့ ပေါ့ဆမှုတစ်ခုကြောင့် ရှစ်နှစ်အရွယ်သား ပျောက်သွားတဲ့အခါ အခြေအနေက ပြောင်းလဲသွားတယ်။ အားသယ်အဖြစ် Donnie Yen က သရုပ်ဆောင်ထားပါတယ်။ လင်မယားနှစ်ယောက်က ဒေသအာဏာပိုင်တွေဆီ အကူအညီတောင်းပြီး သားကို စတင်ရှာဖွေကြတယ်။ ၄၈ နာရီကျော်လာတဲ့အထိ ကလေးရဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရသေးပါဘူး။ အရွယ်ရောက်ပြီး ကျန်းမာသန်စွမ်းသူတွေတောင် ခံနိုင်ဖို့ခက်တဲ့ ရာသီဥတုမှာ ကလေးတစ်ယောက် အသက်ရှင်နေနိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ကယ်ဆယ်ရေးအဖွဲ့ထဲမှာလည်း ရှိလာကြတယ်။ အခက်အခဲတွေကြားမှာ ရှာဖွေရေးကို ဆက်လုပ်နိုင်ကြမလား၊ ပျောက်ဆုံးနေတဲ့ကလေးကရော အိမ်ကို ဘေးကင်းကင်း ပြန်ရောက်နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း