ဇာတ်ကားများ ရွေးရန်

Iké Boys

2022ဇာတ်ကားအမှတ် 6.5/1088 မိနစ်

အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်မှာ နေတဲ့ Shawn Kun က ဂျပန်အန်နီမေးတွေကို အထူးစိတ်ဝင်စားသူပါ။ သူနဲ့ သူငယ်ချင်း Vik Kapoor တို့ တက်နေတဲ့ကျောင်းကို ဂျပန်က ကျောင်းသားဖလှယ်ရေးအစီအစဉ်နဲ့ MiKi ဆိုတဲ့ မိန်းကလေး ရောက်လာပြီး သုံးယောက်သား ခင်မင်သွားကြတယ်။ တစ်ခါမှာ သူတို့ဟာ ၁၉၆၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ အနာဂတ်ကို ကြိုတင်နိမိတ်ပြထားတဲ့ အန်နီမေးတစ်ကားကို အတူကြည့်မိကြပါတယ်။ အဲဒီကနေ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး သုံးယောက်စလုံး ကိုယ်စီစွမ်းအားရှိတဲ့ သူရဲကောင်းတွေ ဖြစ်သွားကြတယ်။ ၁၉၉၉ ဒီဇင်ဘာကနေ ၂၀၀၀ ပြည့်နှစ်ကို ကူးပြောင်းခါနီးမှာတော့ ကမ္ဘာကိုဖျက်ဆီးမယ့် နတ်ဆိုးကိုးကွယ်သူတွေရဲ့ အန္တရာယ်နဲ့ ရင်ဆိုင်လာရပါတယ်။ သူတို့ရဲ့စွမ်းအားတွေနဲ့ အချိန်မီ တားဆီးပြီး ကမ္ဘာကို ကယ်တင်နိုင်ပါ့မလား၊ နတ်ဆိုးကိုးကွယ်သူတွေရဲ့ လှည့်ကွက်တွေကြားကရော ရုန်းထွက်နိုင်ကြမလား။

ဇာတ်လမ်းအကြောင်း