The November Man
The November Man (2014) IMDb Rating (6.3) / Rotten Tomatoes (36%) Pierce Brosnanရဲ့ Iconicအဖြစ်ဆုံး ဇာတ်ကောင်က ကျွန်တော့်အတွက်တော့ ဂျိမ်းစ်ဘွန်းပဲ။ ကျွန်တော်တို့ငယ်ငယ်ကခေတ်မှာတော့ သူ့ဂျိမ်းစ်ဘွန်းကို ကျွန်တော်တို့အရွယ်တွေ ပိုသိခဲ့ကြတယ်။ ဒီနိုဝင်ဘာမန်းကလည်း စီအိုင်အေအေးဂျင့်တစ်ယောက်အကြောင်း ဇာတ်လမ်းပဲ။ ကာရိုက်တာကတော့ ဂျိမ်းစ်ဘွန်းလိုတော့ မဟုတ်ပေမဲ့ ဇာတ်ကတော့ ခပ်ဆင်ဆင်ပါပဲ။ ဒီထဲက သူ့ဇာတ်ကောင်ကတော့ အေးဂျင့်ပိုဆန်တဲ့ ဇာတ်ကောင်မျိုးပဲ။ သွေးအေးတယ်။ ရက်စက်တယ်။ အမိန့်ကလွဲ ဘာမှမသိဘူးပေါ့။ အဲဒီလိုသွေးအေးလွန်းလို့ သူဖြတ်သန်းသွားပြီးတဲ့နေရာတွေမှာ အသက်ရှင်ကျန်ရစ်သူမရှိဘူးဆိုတဲ့ သဘောနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက နိုဝင်ဘာမန်းလို့ နာမည်ပေးထားကြတယ်။ ဆောင်းဦးရဲ့နောက်ဆုံးလ ဆောင်းရဲ့အကူးလ နိုဝင်ဘာလို အေးစက်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒီဇာတ်လမ်းက အဲဒီအေးဂျင့်ရဲ့ နောက်ဆုံးမစ်ရှင်လို့ပြောလို့ရတဲ့ မစ်ရှင်တစ်ခုအကြောင်းပဲ။ ရုပ်ရှင်တွေ တော်တော်များများထဲမှာတော့ စီအိုင်အေလည်ပတ်ပုံက တာဝန်ချပေးထားတာကလွဲ လုပ်ပုံကိုင်ပုံ ဘာညာက ဖရီးလန့်တော်တော်ဆန်တယ်။ တစ်ခါတလေကျ အထက်က မသိဘဲ အောက်မှာ ဖြစ်ချင်တာဖြစ်တတ်တဲ့ ပုံမျိုးလည်း ပုံဖော်ကြတယ်။ တစ်ခါတလေကျလည်း တွေးမိပါတယ်။ ဒီလိုပြတဲ့ကားတွေက လုပ်ချင်တာလုပ်ပြီးမှ ငါတို့အမိန့်မပေးပါဘူးဆိုပြီး ဖာထေးချင်လို့ ရိုက်ထားတဲ့ သဘောဆန်ဆန် ပေါ်လစီကားတွေများဖြစ်နေမလားလို့ပေါ့။ ဘာနေနေ The November Manကတော့ ဂျိမ်းစ်ဘွန်းကားတွေ , စပိုင်ကားတွေ, အက်ရှင်ကားတွေကြိုက်ရင် ဇာတ်အိမ်လည်းကောင်းတဲ့ ကားကောင်းပါပဲ။ File size… (2.3 GB) / (1 GB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Crime,Thriller Duration…. 01:49:29 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း