ဇာတ်ကားများ ရွေးရန်

The Independent

2022ဇာတ်ကားအမှတ် 7.1/10108 မိနစ်

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်နဲ့ ရီပါဘလစ်ကန်တို့ အားပြိုင်နေကြချိန်ပါ။ နိုင်ငံရေးသမားတွေ၊ လွှတ်တော်အမတ်တွေနဲ့ စီးပွားရေးသမားတွေက ပြည်သူ့အကြိုက်လိုက်ပြီး အာဏာရဖို့ ကြိုးစားနေကြသလို နောက်ကွယ်မှာလည်း မဲအသာစီးရအောင် လွှမ်းမိုးချယ်လှယ်မှုတွေ ရှိနေပါတယ်။ အဲဒီအချိန်မှာ အိုလံပစ်ရွှေတံဆိပ်ဆုရှင် နိတ်စတာလင်က နိုင်ငံရေးလောကထဲ ဝင်လာပြီး တစ်သီးပုဂ္ဂိုလ်အဖြစ် ယှဉ်ပြိုင်လာတယ်။ သူ့ရဲ့ တည့်တိုးပြောတတ်တဲ့ ဟောပြောချက်တွေကြောင့် လူကြိုက်များလာပြီး နှစ်ဖက်အားပြိုင်နေတဲ့ ရွေးကောက်ပွဲမှာ တတိယအင်အားတစ်ခု ဖြစ်လာပါတယ်။ ဒီသမ္မတလောင်းနေရာမှာ ဂျွန်ဆီးနားက သရုပ်ဆောင်ထားတာပါ။ ဝါရှင်တန်ခရိုနီကယ်က အလုပ်သင်ဂျာနယ်လစ်တစ်ယောက်ဟာ ရွေးကောက်ပွဲသတင်း လိုက်ရင်း ပါတီကြီးတစ်ခုရဲ့ ငွေကြေးအလွဲသုံးစားမှုနဲ့ မသမာတဲ့ ယှဉ်ပြိုင်မှုတွေကို တွေ့လိုက်ရတယ်။ အဲဒီအကြောင်းတွေကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားနေချိန်မှာ သမ္မတနေရာအတွက် အားပြိုင်မှုကလည်း ဆက်ရှိနေပါတယ်။ စကားအပြန်အလှန်တွေနဲ့ အကွက်ဆင်ယှဉ်ပြိုင်မှုတွေကို အခြေခံပြီး နိုင်ငံရေးနဲ့ သတင်းလောကအကြောင်း တွဲပြထားတဲ့ ရင်ဖိုဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း