Life Is Beautiful
အိုဆယ်ယွန်းဟာ ခင်ပွန်းကို သစ္စာရှိရှိချစ်ပြီး သမီးလေးအတွက် အရာရာပေးဆပ်ရင်း မိသားစုကိုပဲ အချိန်ပေးလာခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ အသက်ရှင်နေရမယ့်အချိန် သိပ်မကျန်တော့ဘူးဆိုတာ သိလိုက်ရတယ်။ အဲဒီအခါ တစ်သက်လုံး မိသားစုအတွက်ပဲ နေလာခဲ့တဲ့ ဆယ်ယွန်းက ခင်ပွန်းဆီ ထူးထူးခြားခြား တောင်းဆိုမှုတစ်ခု လုပ်လိုက်ပါတယ်။ သူ့အချစ်ဦးကို ရှာပေးဖို့ပါ။ ဇနီးရဲ့ နောက်ဆုံးဆန္ဒဆိုတော့ ခင်ပွန်းဖြစ်သူအတွက် ငြင်းဖို့လည်းခက်၊ လိုက်လျောဖို့လည်း မလွယ်ပါဘူး။ နောက်ဆုံးမှာတော့ ဇနီးမောင်နှံနှစ်ယောက် ဆယ်ယွန်းရဲ့အချစ်ဦးကို ရှာဖို့ ခရီးထွက်လာကြတယ်။ ချိုတစ်လှည့် ခါးတစ်လှည့် ကြုံရမယ့် ဒီခရီးမှာ အချစ်ဦးကို ပြန်ရှာတဲ့ကိစ္စက သူတို့ရဲ့ အိမ်ထောင်ရေးကို ထိခိုက်သွားစေမလား၊ ဒါမှမဟုတ် နှစ်ယောက်ကြားက သံယောဇဉ်ကို ပိုခိုင်မြဲလာစေမလား။ Drama၊ Romance နဲ့ Musical အမျိုးအစားတွေကို တွဲထားပြီး သီချင်းတွေနဲ့ ဟာသအခန်းတွေလည်း ပါဝင်ပါတယ်။ သရုပ်ဆောင်တွေထဲမှာ Seoul Vibe မှာ ပါဝင်ခဲ့တဲ့ Wanna One အဖွဲ့ဝင် Ong Seong Wu၊ 6/45 မှာ ယွန်းဟီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Park Se Wan နဲ့ Park Yeong Gyu တို့ ပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း