Bairagee
ကျားပြဇာတ်မှာ သရုပ်ဆောင်တဲ့ ရှီဗာကို လူတွေက “ကျားကြီး ရှီဗာ” လို့ ခေါ်ကြပါတယ်။ သူက ဒေါသကြီးသူအဖြစ်လည်း နာမည်ကြီးပြီး တစ်နေ့မှာတော့ အဲဒီဒေါသကြောင့်ပဲ ထောင် ၁၅ လ ကျသွားခဲ့တယ်။ ထောင်က ပြန်လွတ်လာတဲ့အခါ ဒေါသကြီးလို့ မကောင်းဘူးဆိုတာ သဘောပေါက်လာတဲ့ ရှီဗာဟာ စိတ်ကိုချုပ်ထိန်းပြီး ကျိုးကျိုးနွံနွံနဲ့ လူသစ်တစ်ယောက်လို နေထိုင်ဖို့ ကြိုးစားပါတယ်။ အလုပ်အတူလုပ်တဲ့ ဗက်တာဗီဆိုတဲ့ ကောင်လေးနဲ့လည်း တွေ့လာပြီး ညီအစ်ကိုအရင်းတွေလို ခင်မင်သွားကြတယ်။ နှစ်ယောက်အတူ ပျော်ပျော်ရွှင်ရွှင်နေကြ၊ ကိုယ်ချစ်တဲ့ ကောင်မလေးတွေကို ပိုးပန်းကြနဲ့ ဘဝက အေးအေးချမ်းချမ်း ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ မကောင်းတဲ့လူတစ်စုကြောင့် မထင်မှတ်တဲ့ အပြောင်းအလဲတစ်ခု ကြုံလာရတဲ့အခါ ရှီဗာ ချုပ်တည်းထားခဲ့တဲ့ ဒေါသတွေ ပြန်ထွက်လာပါတော့တယ်။
ဇာတ်လမ်းအကြောင်း