ဇာတ်ကားများ ရွေးရန်

Padai Thalaivan

2025ဇာတ်ကား134 မိနစ်

Padai Thalaivan 2025 (ဆင်လေး မန်နီယန်) IMDb - 6.3 / 10 ဗီလူဆိုတဲ့ကောင်လေးဟာ သူ့အဖေရယ် ဆင်လေး မန်နီယန်နဲ့အတူတူ ဘဝကို လုပ်ကိုင်စားသောက်နေပါတယ်။ သူတို့ရွာမှာ ငွေတိုးချေးစားတဲ့ ကူဘယ်ရန်ဆိုတဲ့ လူကြီးလည်းရှိပါတယ်။ အဲဒီလူကြီးဆီကနေ တစ်ရွာလုံး လွတ်ကင်းတဲ့သူရယ်လို့မရှိပါဘူး။ ဗီလူတို့လည်း ကူဘယ်ရန်ဆီမှာ ငွေတိုးချေးထားပြီး အကြွေးမဆပ်နိုင်တဲ့အတွက် ကူဘယ်ရန်က ခေါ်ပြီး သူ့ဖခင်ဖြစ်သူကို ပိုက်ဆံလာမပေးမချင်း ရပ်နေဆိုပြီး ခိုင်းတဲ့အတွက် ဗီလူတစ်ယောက် ရှာလို့ရတဲ့ပိုက်ဆံတွေကို အရင်ပေးကာ ဖခင်ဖြစ်သူကို ပြန်ခေါ်ခဲ့ရပါတော့တယ်။ ဒီလိုအဖြစ်အပျက်တွေ ပြီးသွားတဲ့နောက်မှာတော့ ကူဘယ်ရန်ရဲ့ အကြွေးတွေကို ဆပ်နိုင်ဖို့အတွက် အကြံထုတ်ပါတော့တယ်။ ဒီလိုနဲ့ ရုပ်ရှင်မန်နေဂျာတစ်ယောက်ဆီ ဆင်ကို ရုပ်ရှင်မှာ ထည့်ရိုက်ဖို့ သွားရောက်ပြောကြားတဲ့အခါ ဆင်ကို အရင်လေ့ကျင့်ပေးပြီးမှ ပြန်လာခဲ့လို့ပြောလိုက်ပါတော့တယ်။ ဆင်ကို လေ့ကျင့်ပေးနိုင်ဖို့ မင်္ဂလာဆောင် ဘုရားပွဲလို ပွဲမျိုးမှာ ထည့်သွင်းပြီး အရင် လေ့ကျင့်ပေးဖို့ လုပ်ကြရင်းနဲ့ပဲ .......... ကူဘယ်ရန်ရဲ့ အကြွေးတွေကို ဗီလူတို့ သားအဖနဲ့ ဆင်လေး မန်နီယန်တို့ ဘယ်လိုများကြိုးစားပြီး ဆပ်သွားမလဲ ........ ဆင်လေးကို လိုချင်တဲ့ မတော်လောဘသမားတွေကရော ဗီလူတို့ကို ဘယ်လိုတွေ နှောင့်ယှက်မလဲ ...... ဆိုတာကို ကြည့်ရှုရမဲ့ Thriller ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Cym~ Alex~ KKKZ တို့ ဖြစ်ပါတယ်) File size… 3.2 GB / 1.6 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ToMo~ Cym~ Alex~ KKKZ

ဇာတ်လမ်းအကြောင်း