ဇာတ်ကားများ ရွေးရန်

Thank You

2022ဇာတ်ကားအမှတ် 5.8/10127 မိနစ်

အဘီဟာ အားကိုးစရာမိသားစုမရှိတဲ့ တစ်ကောင်ကြွက်တစ်ယောက်ဖြစ်ပြီး ရည်မှန်းချက်တွေအပြည့်နဲ့ အမေရိကန်ကို ရောက်လာခဲ့ပါတယ်။ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားပေမယ့် အောင်မြင်လာတဲ့အခါမှာတော့ တစ်ကိုယ်ကောင်းဆန်ပြီး မောက်မာလာတယ်။ ကိုယ့်ကို ကူညီပေးခဲ့သူတွေရဲ့ ကျေးဇူးကိုလည်း မေ့လာပါတော့တယ်။ အဲဒီလို ဘဝမေ့လုဆဲဆဲမှာ အဘီ အမြင်မှန်ပြန်ရလာပါတယ်။ သူ့ဘဝတက်လမ်းအတွက် ဖေးမပေးခဲ့သူတွေကို ပြန်သိမြင်လာတဲ့နောက် ဘဝကို လက်တွေ့ကျကျ ဘယ်လိုဆက်ဖြတ်သန်းမလဲ၊ ကျန်တဲ့ဘဝခရီးကို ဘယ်လို အဓိပ္ပာယ်ရှိအောင် နေသွားမလဲဆိုတာကို သူ့နောက်ကြောင်းတွေနဲ့အတူ ပြောပြထားပါတယ်။ နာဂချီတန်ယားအခီနယ်နီ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီတေလဂူ Drama ဇာတ်ကားမှာ လူတစ်ယောက်ရဲ့ အတက်အကျတွေကြား ကိုယ့်ကို ဖေးမသူနဲ့ ဆွဲချသူကို ခွဲခြားသိမြင်တတ်ဖို့ဆိုတဲ့ အကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း