ဇာတ်ကားများ ရွေးရန်

Bicycle Days

2024ဇာတ်ကား90 မိနစ်

Bicycle Days 2024 မျှော်လင့်ခြင်းစက်ဘီးလေး ကလေးဘဝရဲ့ အိပ်မက်တွေ ကြီးပြင်းလာမှုရဲ့ စိန်ခေါ်မှုတွေနဲ့ ခင်မင်ရင်းနှီးမှုတွေကို ရိုးရှင်းနွေးထွေးစွာ ပုံဖော်ထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ် ဒီဇာတ်ကားက ပရိသတ်တွေကို ရိုးသားတဲ့ စိတ်ခံစားမှုတွေနဲ့ ထိတွေ့စေမှာဖြစ်ပြီး ငယ်ဘဝကိုပြန်လည်မြင်ယောင်လာစေမှာ အမှန်ပါပဲ ဇာတ်လမ်းကတော့ အသက် ၁၀ နှစ်အရွယ် အာရှစ်လို့ခေါ်တဲ့ ဉာဏ်ကောင်းပြီး တက်ကြွတဲ့ ရွာက ကောင်လေးတစ်ယောက်အကြောင်းပါ သူက သူ့သူငယ်ချင်းတွေလိုပဲ မြို့ပေါ်က ပိုကောင်းတဲ့ကျောင်းကို တက်ချင်နေပါတယ် ဒါပေမဲ့ သူ့မိဘတွေကတော့ သူ့ကို ရွာမှာပဲ ကျောင်းပြီးစေချင်ကြတယ်ပေါ့ မြို့ကစရိတ်ကလည်း မိဘတွေအတွက်တော့ နောက်စရာမဟုတ်နေဘူးလေ ဒါ့အပြင် အစိုးရရဲ့ စက်ဘီးပေးတဲ့ အစီအစဉ်ကနေ စက်ဘီးမရလိုက်တဲ့အခါ သူ့ရဲ့စိတ်ဓာတ်တွေ ပိုကျဆင်းလာပြီး စာသင်တာကိုပါ စိတ်မဝင်စားတော့တဲ့အထိ ဖြစ်လာခဲ့ပါတယ် ဒီလိုနဲ့ သူ့ဘဝမှာ အပြောင်းအလဲတွေ ဖြစ်လာပါတယ် မြို့ကနေ ရွာကို ရောက်လာတဲ့ ဆရာလေး ရှိတ်ခါနဲ့ ဆုံတွေ့ပြီးတော့ အာရှစ်ရဲ့ဘဝ ဘယ်လိုပြောင်းလဲသွားမလဲ သူ စက်ဘီးရဖို့ အိပ်မက်တွေ ပြန်လည်အသက်ဝင်လာမလား သူ့ရဲ့ရည်မှန်းချက်တွေ ပြန်လည်ပိုင်ဆိုင်နိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ Zwe ပဲဖြစ်ပါတယ် ) File size…1.5 GB / 750 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni ~ Alex ~ Zwe .

ဇာတ်လမ်းအကြောင်း