ဇာတ်ကားများ ရွေးရန်

Toxic (aka) Akiplesa

2025ဇာတ်ကားအမှတ် 6.2/1099 မိနစ်

Toxic (2025) IMDb Rating (6.8) / Rotten Tomatoes (91%) Toxic_2025 ( Russia လို Akiplesa) ဆိုတဲ့ ဇာတ်ကားဟာ ဒါရိုက်တာ Saule Bliuvaitė (Lithuania) ရဲ့ပထမဆုံး feature film ဖြစ်ပြီး မြို့ငယ်လေးက ကောင်မလေးနှစ်ယောက်ရဲ့ ဆယ်ကျော်သက်ဘဝကို ဖြတ်သန်းပုံ (coming-of-age) ၊ မော်ဒယ်လ်လောကရဲ့ အမှောင်ဘက်ခြမ်းတွေ၊ broken family က လူငယ်ကောင်မလေး ရဲ့ ခံစားချက်တွေ လမ်းမှားပုံတွေကို အဓိကထားရိုက်ကူးထားတာတဲ့ ဆုပေါင်း၈ခုကျော် ရရှိထားတဲ့ဒရာမာ(Drama) ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားကပေးတဲ့ ရင်ထဲမှာဆွေးနေစေမယ့် Theme တွေ ၊ လစ်သူအေးနီးယား (Lithuania) နိုင်ငံကမဖွံ့ဖြိုးသေးတဲ့ ဒေသက လူငယ်တွေရဲ့ဘဝတွေ၊ ဇာတ်လမ်းကိုပရိတ်သတ်အကြိုက်မဟုတ်ဘဲ နက်နဲတဲ့တွေးစရာလေးတွေနဲ့အဆုံးသတ်ထားတာမလို့ ကြည့်ရှုဖို့ကို အကြံပေးပါတယ်။ ဇာတ်လမ်းအကျဥ်း------- အသက် ၁၃ နှစ်အရွယ် မိန်းကလေး Marija ဟာ စက်မှုလုပ်ငန်းမြို့လေးတစ်မြို့မှာ အဖွားဖြစ်သူရယ် အဖေနဲ့အတူ နေဖို့ မိခင်က ပို့လိုက်လို့ ရောက်လာပါတယ်။ Marija ဟာ မွေးရာပါ ခြေထောက်တစ်ဖက် သိပ်မသန်တာကြောင့် ကျောင်းမှာ အနိုင်ကျင့်ခံရလေ့ရှိပြီး အဖေကလဲ တခြားမိန်းမနဲ့သာပျော်ပါးနေတာမလို့ ဘဝကို အထီးကျန်မှု၊ စိတ်ဖိစီးမှုတွေနဲ့ ဖြတ်သန်းနေရသူပါ။ Kristina ဆိုတဲ့ကောင်မလေး Marija ရဲ့ ဒီဇိုင်နာဘောင်းဘီကို ခိုးယူရာကနေ သူတို့နှစ်ဦး ရန်ဖြစ်ခဲ့ကြပေမယ့် တူညီတဲ့ ဘဝအခြေအနေတွေ ရည်မှန်းချက်တွေ လွတ်မြောက်မှုတွေကို လိုချင်နေတဲ့ သူတို့ နှစ်ယောက်ဟာ မော်ဒယ် အေဂျင်စီတစ်ခုမှာ ပြန်လည်တွေ့ဆုံပြီး ခိုင်မာတဲ့ သူငယ်ချင်းဆက်ဆံရေးကို ရရှိသွားကြပါတယ်။ နှစ်ဦးစလုံးဟာ ဒီမြို့နဲ့ သူတို့ခံစားနေရတာကနေ လွတ်မြောက်ဖို့နဲ့ ပိုကောင်းတဲ့ ဘဝတစ်ခုကို ရရှိဖို့ အိပ်မက်ရှိကြပါတယ်။ ဒီလိုနဲ့ Marija လဲ Kristina တက်နေတဲ့ မော်ဒယ်လ်အဖြစ် အောင်မြင်ပြီး နိုင်ငံခြားရောက်သွားနိုင်မယ်ဆိုတဲ့ မက်လုံးတွေကို ပေးထားတဲ့ကျောင်းကို လိုက်တက်ပြီး Marija နဲ့ Kristina တို့ဟာ သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် သူတို့ဟာ မော်ဒယ်သင်တန်းကျောင်းရဲ့ လမ်းညွှန်မှုအောက်မှာ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ အစွန်းရောက်နည်းတွေနဲ့ ပြုလုပ်ခဲ့ရပြီး လိင်အမြတ်ထုတ်ခံတာတွေ ကိုလည်းတွေ့ကြုံလာရပါတယ်။ Kristina က ကိုယ်အလေးချိန်ကျဖို့အတွက် တုတ်ပြားကောင်ဆေးတွေကို ဆက်လက်သောက်သုံးနေပြီး Marija ကတော့ သူမရဲ့ လမ်းလျှောက်ပုံကို ပြင်ဆင်ဖို့ ကြိုးစားနေပါတယ်။ နောက်ဆုံးမှာ Marija အမေကပြန်လာခေါ်ပေမယ့် Marija ကပြန်လိုက်မသွားဘဲ မော်ဒယ်လ်လောကမှာပဲ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့လိုက်ပြီး သူ့သူငယ်ချင်းနဲ့ပဲ လမ်းမပေါ်မှာ လှုပ်ရှားနေတာနဲ့အဆုံးသတ်လိုက်ပြီး သူ့ဆုံးဖြတ်ချက်က သူ့ဘဝတစ်ခုလုံးကို ဘယ်လိုသက်ရောက်သွားမလဲ သူအောင်မြင်ပြီးပိုကောင်းမွန်တဲ့ဘဝကိုရောက်သွားမှာလား အဆိပ်အတောက်တွေပြည့်နေတဲ့ ဒီလောကဒီမြို့ငယ်လေးမှာပဲ ပိတ်မိနေမလားဆိုတာကတော့ ပရိတ်သတ်တွေကို တွေးသွားစေမယ့်ကားလေးပဲဖြစ်ပါတယ်။ File size… (3 GB) / (1.5 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:39:51 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း