ဇာတ်ကားများ ရွေးရန်

Gangland: The City of Crime

2025ဇာတ်ကား127 မိနစ်

Gangland 2025 ရာဇဝတ်မြို့တော် IMDb 6.8 တစ်ခေတ်တစ်ခါတုန်းက ခိုးဆိုးလုနှိုက် သတ်ဖြတ်တတ်ကြတဲ့ ဓားပြအဖွဲ့ရှိပါတယ် နှစ်ရှည်လများ လုယက်ခဲ့ကြတော့ ရတနာတွေလည်း အတော်စုဆောင်းထားနိုင်ခဲ့ကြတာပေါ့ ဓားပြအလုပ်အပြင် မှောင်ခိုလောကထဲလည်း ဒီအဖွဲ့က ဆရာတစ်ဆူပါပဲ သူတို့ခေါင်းဆောင်ကတော့ သနားကြင်နာတတ်ပါတယ် မိန်းကလေးတွေဆီကမယူ မဖြစ်လို့သာ လုပ်နေရပေမဲ့ အရမ်းသနားတတ်ပြီး စိတ်ထားကောင်းတဲ့လူ တစ်ရက်တော့ သူတို့အချီကြီးမိလို့ အောင်ပွဲခံတဲ့အနေနဲ့ ခေါင်းဆောင်ကြီးအိမ်မှာ ထမင်းလိုက်စားကြတယ်ပေါ့ ‌စားပွဲမှာ စကားလက်ဆုံကျဖြစ်တဲ့အကြောင်းကတော့ ဒီအလုပ်ကို ရဲတွေအဖမ်းအဆီး ကြမ်းလာပြီး သူတို့လူတွေလည်း ဖမ်းမိတာ ပျောက်ဆုံးတာတွေ များလာတဲ့‌အကြောင်း ဒီအလုပ်ကို စွန့်လွှတ်ကြဖို့အကြောင်း ခေါင်းဆောင်က ပြောလာပါတယ် ဓားပြတိုက်ရုံနဲ့ အမြတ်ကြီးရနေတဲ့အလုပ်ကို 0စွန့်လွှတ်ဖို့ကျ တပည့်လုပ်သူက မကျေနပ်ဘူးပေါ့ ဒီလိုနဲ့ တပည့်ရဲ့ သစ္စာဖောက်မှုကြောင့် ခေါင်းဆောင်နဲ့ .သူ့တစ်မိသားစုလုံး အဲဒီညမှာတင် အသတ်ခံလိုက်ရပြီး အိမ်ပါ ပြာကျသွားခဲ့ရပါတယ် တစ်ချိန်မှာ ပြန်ပေါ်လာမဲ့ ဒီကံတရားအတွက် ခေါင်းဆောင်ကြီးရဲ့ မွေးကင်းစကလေးကိုသားရဲတစ်ကောင်အဖြစ်ပြောင်းလဲဖို့ တပည့်ဖြစ်သူက ခေါ်ဆောင်သွားပါတော့တယ် ..ဆိုတော့ နောက်ပိုင်းကိစ္စတွေက ဘယ်လိုတွေဖြစ်လာမယ်ဆိုတာကိုတော့ အလှည့်အပြောင်းများစွာနဲ့ ကြည့်ရှုရမှာပါ ဇာတ်မျောကြီးဖြစ်မနေဘဲ အဆုံးထိဆွဲခေါ်သွားနိုင်မဲ့ ဇာတ်ကားဖြစ်တာကြောင့် ကြည့်ဖြစ်အောင်ကြည့်ကြဖို့ တိုက်တွန်းရင်း။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် ) File size… 2GB / 1GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team

ဇာတ်လမ်းအကြောင်း