ဇာတ်ကားများ ရွေးရန်

Extraction 2

2023ဇာတ်ကားအမှတ် 7.6/10123 မိနစ်4K

Extraction (2020) ရဲ့အဆက်ဖြစ်တဲ့ ဒီကားမှာ Chris Hemsworth ကပဲ ပြန်လည်ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကလည်း Sam Hargrave ပါပဲ။ အရင်စစ်ဆင်ရေးမှာ သေနတ်ဒဏ်ရာတွေနဲ့ မြစ်ထဲကျသွားခဲ့တဲ့ ကြေးစားစစ်သားဟာ အသက်ရှင်ကျန်ခဲ့ပြီး အငြိမ်းစားယူထားပါတယ်။ ဒါပေမယ့် သူ့ဇနီးကြောင့် ငြင်းမရတဲ့ ကယ်ဆယ်ရေးအလုပ်တစ်ခုကို ပြန်လုပ်ရဖို့ ဖြစ်လာတယ်။ ဒီတစ်ခေါက် ကယ်ထုတ်ရမှာက သူ့ဇနီးရဲ့ညီမပါ။ ဂျော်ဂျီယာရဲ့ အကြီးဆုံးလူဆိုးဂိုဏ်းလက်ထဲကနေ သွားကယ်ရမှာဖြစ်ပြီး ရင်ဆိုင်ရမယ့်သူတွေမှာ သေနတ်နဲ့ကားတွေလောက်ပဲ ရှိတာမဟုတ်ဘူး။ ကျည်ကာကားတွေ၊ လက်နက်ကြီးတွေနဲ့ ရဟတ်ယာဉ်တွေပါ ရှိနေပါတယ်။ ဒီလိုလက်နက်အင်အားရှိတဲ့ ဂိုဏ်းက အဆုံးအထိ လိုက်သတ်ဖို့ ကြိုးစားလာတဲ့အခါ အငြိမ်းစားဘဝကနေ ပြန်ထွက်လာသူအတွက် တိုက်ပွဲတွေက မနားရတော့ပါဘူး။

ဇာတ်လမ်းအကြောင်း