The Soloist
နေသန်နီရယ်အန်တိုနီအဲယာစ်ဂျူနီယာဟာ ငယ်ငယ်ကတည်းက ချယ်လိုတီးရာမှာ ပါရမီရှိသူတစ်ယောက်ပါ။ သူ့မိခင်က အလှပြင်ဆိုင်ဖွင့်ထားပြီး သူ့မှာ အစ်မတစ်ယောက်လည်း ရှိပါတယ်။ ဂီတကို အလွန်မြတ်နိုးသလို ဘီသိုဗင်ကိုလည်း အားကျလေးစားသူပါ။ ဒါပေမဲ့ စိတ်ကစဉ့်ကလျားရောဂါနဲ့အတူ နားထဲမှာ အသံတွေ ကြားနေရတာကြောင့် ကျောင်းပညာကို တစ်ဝက်တစ်ပျက်နဲ့ ရပ်ခဲ့ရပြီး အယ်လ်အေလမ်းမတွေပေါ် ရောက်လာခဲ့တယ်။ လှည်းတစ်စီးနဲ့ ဖြစ်သလို နေထိုင်စားသောက်နေရပေမယ့် ဂီတအပေါ် ချစ်ခင်မှုကတော့ မလျော့သွားပါဘူး။ ကောက်ရထားတဲ့ ပျက်လုနီးပါး တယောတစ်လက်ကိုလည်း တယောတီးနည်း မသင်ဖူးဘဲ ကျွမ်းကျင်စွာ တီးခတ်နေတတ်ပါတယ်။ စတိဗ်လိုပတ်ဇ်ကတော့ အယ်လ်အေစံတော်ချိန်သတင်းစာမှာ အခန်းဆက်ဆောင်းပါးတွေ ရေးနေတဲ့ စာဖတ်သူများတဲ့ ဆောင်းပါးရှင်တစ်ယောက်ပါ။ စာရေးဖို့ အကြောင်းအရာရှာရင်း နေသန်နီရယ်နဲ့ ဆုံမိတဲ့အခါ ဒီလိုပါရမီရှိသူတစ်ယောက် လမ်းပေါ်မှာ နေထိုင်နေရတဲ့ အခြေအနေကို မျက်နှာလွှဲထားလို့ မရတော့ပါဘူး။ Jamie Foxx နဲ့ Robert Downey Jr တို့ ပါဝင်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ရုပ်ရှင်ပါ။ အပြင်လောကက စတိဗ်လိုပတ်ဇ်ဟာ ပူလစ်ဇာဆု ဆန်ခါတင်စာရင်းမှာ လေးကြိမ်ပါဝင်ခဲ့တဲ့ စာရေးဆရာဖြစ်ပြီး နေသန်နီရယ်ကလည်း တူရိယာမျိုးစုံကို ကျွမ်းကျင်စွာ တီးခတ်နိုင်သူ ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း