Milk Teeth (aka) Milchzähne
Milk Teeth (2024) IMDb Rating (5.8) ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ကထွက်ရှိခဲ့တဲ့ Drama အမျိုးအစား ဂျာမန်ကားလေးဖြစ်ပါတယ်။ စကားဒါဟာ နယ်ခံရွာသား ဖခင်နဲ့ တစ်ရွာသူ မိခင်တို့ကနေ မွေးဖွားလာသူတစ်ယောက်ဖြစ်ပါတယ်။ ရွာရဲ့ထုံးစံအရက ရွာကမဟုတ်တဲ့လူကို အပြင်လူအဖြစ်သတ်မှတ်ကြတယ်။ သူမရဲ့မိခင်တောင်မှ ရွာမှာ နေထိုင်ခွင့်ရပေမယ့်လည်း ရွာသားတစ်ယောက်အဖြစ် အရောတဝင်မပြုလုပ်ကြချေ။ ဒါတွေကဘယ်ကနေစလဲဆိုတော့ မိရိုးဖလာပုံပြင်တွေ ဇာတ်ကြောင်းတွေကနေ စတင်ခဲ့ပါတယ်။ အဲဒီထဲကတစ်ခုဟာဆိုရင် သမန်းဝံပုလွေတွေဟာဆိုရင် လူယောင်ဆောင်ရောက်လာပြီး လူတစ်ဦးချင်းစီကို စားသုံးတယ် (သို့) ရွာကို ခိုက်စေတယ်ဆိုပြီး ရှိပါတယ်။ သို့ပေမယ့်လည်း စကားဒါကိုတော့ ရွာကလူတိုင်းကလည်း ချစ်ကြပြီး ရွာလူကြီးများကပါ မြှောက်စားကြပါတယ်။ ဒါပေမယ့် တစ်ခါမှာတော့ တောထဲက ကလေးမငယ်လေးတစ်ဦးဟာ စကားဒါတို့ရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်။ အစကတော့ စကားဒါက နှင်ထုတ်ခဲ့ပေမယ့် နောက်ကြာလာတော့ သံယောဇဉ်ဖြစ်လာခဲ့ပြီး ရွာသားများမသိအောင် အိမ်မှာဖွက်ထားခဲ့ပါတယ်။ ရွာသားတွေသိသွားတဲ့အချိန် အချင်းများစရာတွေဖြစ်ခဲ့ပြီး စကားဒါအနေနဲ့ လူကြီးတွေကို အာမခံပါမည့်အကြောင်းပြောပြီး ဆက်လက်ခေါ်ထားခဲ့ပါတယ်။ ဒီအချိန်မှာ ရွာထဲမှာဆိုရင်လည်း ပြဿနာများနဲ့ ကြုံနေရတဲ့အချိန်ဖြစ်ပါတယ်။ ခြံမွေးတိရစ္ဆာန်တွေ ပျောက်ဆုံးတာတွေရှိနေတဲ့အတွက် စကားဒါတို့ သားအမိနဲ့ ကလေးငယ်ကို ငြိုညင်လာပါတော့တယ်။ များမကြာမီပဲ ကလေးငယ်တွေပျောက်ဆုံးတာ၊ ခွေးတွေ မူမမှန်တော့တာ၊ သက်ကြီးရွယ်အိုတွေ ဆုံးပါးတာတွေရှိလာပါတော့တယ်။ ဒါတွေအားလုံးဟာ စကားဒါတို့သားအမိကြောင့်ဖြစ်မလား? ထိုကလေးငယ်ဟာ ပုံပြင်တွေထဲကလို ဝံပုလွေကလေးငယ်လား? အပြင်လူဖြစ်တဲ့ စကားဒါတို့ သားအမိ နှစ်ချီတည်ဆောက်ခဲ့တဲ့ ရွာနဲ့ဆက်ဆံရေးဟာ ဘယ်လိုတွေဖြစ်လာမလဲ... ဆိုတာတွေကို ဆက်လက်ကြည့်ရှုလိုက်ပါခင်ဗျာ။ File size… (1.9 GB) / (840 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:33:48 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်လမ်းအကြောင်း