ဇာတ်ကားများ ရွေးရန်

The Cavern Crimes

2025ဇာတ်ကားအမှတ် 5.3/10

The Cavern Crimes (2025) IMDb Rating (4.6) Horror Thriller ကြိုက်သူများအတွက် ၂၀၂၅ ထွက် စပိန်စုံထောက်ကားလေးလာပါပြီခင်ဗျာ။ ဇာတ်လမ်းရဲ့ တည်နေရာကတော့ စပိန်နိုင်ငံ ဘားဂို့စ်မြို့က အတာပူရာက ရှေးဟောင်းသုတေသနနေရာမှာ အခြေခံထားတာပါ။ ဒီနေရာမှာဆိုရင် သမိုင်းမတိုင်ခင်ခေတ် လွန်ခဲ့တဲ့ပေါင်း ၈သိန်းဝန်းကျင်က အရိုးစုများကို ဂရန် ဒိုလီနာဂူထဲမှာ တွေ့ခဲ့ပါတယ်။ ဒါဟာဆိုရင် အနောက်ဥရောပမှာ ဟိုမီနစ်ရှေးဟောင်းမျိုးနွယ်တွေ အခြေချနေထိုင်ခဲ့ဖူးတယ်၊ ဇာတ်တူသားစားတဲ့အလေ့ကို လုပ်ခဲ့ဖူးတာကို ပြတဲ့ အစောဆုံးသက်သေတွေပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာ အမျိုးသမီးသေဆုံးမှုဖြစ်ပေါ်တာကနေ စထားပါတယ်။ အထက်ပါဒေသမှာ သူ့ရဲ့သေဆုံးပုံဟာ လွန်ခဲ့တဲ့ခြောက်နှစ်က အမျိုးသမီးတစ်ဦးသေဆုံးပုံနှင့် တူညီသည့်အချက်များရှိနေသည့်အတွက် ရှေ့အမှုမှာ စုံစမ်းရေးလိုက်ခဲ့ဖူးတဲ့ ဆေလ်ဗီးရား ဂုဇ်မန်းနဲ့ ဒန်နီရယ် ဗယ်လာဒေးတို့ကို ပြန်လည်ခေါ်ခဲ့ပြီး အမှုကို ပြန်လိုက်စေခဲ့ပါတယ်။ ရှေ့အမှုတုန်းက တရားခံကို မဖော်ထုတ်နိုင်ခဲ့ဘဲ သံသယရှိသူကို လက်လွတ်ခဲ့ရသည့် သူတို့နှစ်ယောက်အဖို့ ဒီအမှုမှာ အမှုမှန်ပေါ်ပေါက်စေရေးအတွက် ကြိုးစားကြပါတော့တယ်။ ဒီလိုနဲ့ သေဆုံးသူမိန်းကလေးအကြောင်းကို ကွင်းဆက်လိုက်ကြရင်း သမိုင်းမတိုင်ခင်ခေါတ်အကြောင်း သုတေသနပြုလုပ်နေသူတွေ ထူးဆန်းတဲ့ရိုးရာအစဉ်အလာကို ဆင်နွှဲနေသူတို့နဲ့ တွေ့လာရပါတော့တယ်။ စုံထောက်ကားဖြစ်တဲ့အလျောက် plot twist များစွာပါတဲ့အတွက် အမှုမှန်ပေါ်အောင် ဘယ်လိုလိုက်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုကြည့်လိုက်ပါဦးခင်ဗျာ။ 18+ အခန်းတချို့နှင့် ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ File size… (1.5 GB) / (660 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:46:40 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း