The Kingdom
ရေနံလုပ်ငန်းကြောင့် ချမ်းသာလာတဲ့ ဆော်ဒီအာရေဗျမှာ အာရပ်နဲ့ အမေရိကန်တို့ ပူးပေါင်းပြီး ရေနံကုမ္ပဏီတစ်ခု တည်ထောင်ကြပါတယ်။ အလုပ်လုပ်ဖို့ ရောက်လာတဲ့ အမေရိကန်လုပ်သားတွေ၊ သူတို့မိသားစုတွေအတွက်လည်း သီးခြားရပ်ကွက်တစ်ခု စီစဉ်ပေးထားတယ်။ တစ်ဖက်မှာတော့ ဆော်ဒီနိုင်ငံရေးအပေါ် အနောက်နိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးမှုကို မကျေနပ်တဲ့ စစ်သွေးကြွတွေ ရှိနေပါတယ်။ ဒီလိုတင်းမာနေတဲ့အချိန်မှာ အမေရိကန်တွေ နေထိုင်ရာရပ်ဝန်းကို ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားသွားတယ်။ အဲဒီဖြစ်ရပ်ကို စုံစမ်းဖြေရှင်းဖို့ အက်ဖ်ဘီအိုင်အေးဂျင့် ဖလာရီ ဦးဆောင်တဲ့အဖွဲ့ ဆော်ဒီကို ရောက်လာကြပါတယ်။ Jamie Foxx၊ Jennifer Garner နဲ့ Jason Bateman တို့ အဓိကပါဝင်ထားတဲ့ အက်ရှင်၊ ဒရာမာနဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း