ဇာတ်ကားများ ရွေးရန်

Lean On Me

1989ဇာတ်ကားအမှတ် 7.3/10108 မိနစ်

Lean on Me ဇာတ်ကားဟာဆိုရင် စာရေးသူ Michael Schiffer ရဲ့၀တ္ထုကို ဒါရိုက်တာ John G. Avildsen ရိုက်ကူးထားပြီး Morgan Freeman တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 1989 ခုနှစ် အမေရိကန်ရဲ့ အတ္ထုပ္ပတ္တိဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။ New Jersey , Paterson မြို့တွင်းက အထက်တန်းကျောင်းအုပ် Joe Louis Clark ရဲ့ Eastside High ကျောင်းဇာတ်လမ်းကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ‌ဒေါ်လာ ၃၁သန်းရခဲ့တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ် 1987 ခုနှစ်မှာ Eastside အထက်တန်းကျောင်းဟာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ ရာဇ၀တ်မှုတွေကြောင့် ယိုယွင်းလာခဲ့တယ် ကျောင်းသားအများစုဟာ အခြေခံအရည်အချင်းစစ်စာမေးပွဲကိုပင် မဖြေဆိုနိုင်ကြဘဲ ဆရာဆရာမတွေပါအုပ်စုဖွဲ့ အကြမ်းဖက်တာကိုခံလာကြရတယ် ကျောင်းသား 75% က အနိမ့်ဆုံးအခြေခံ အရည်အချင်းစစ်စာမေးပွဲမအောင်ရင် ကျောင်းကို ပြည်နယ်အုပ်ချုပ်ရေးဆီလွှဲပြောင်းမယ်လို့ သိလာရတဲ့အခါ ကျောင်းအုပ်ကြီး Dr. Frank Napier နဲ့ မြို့တော်၀န်က တိုင်ပင်ပြီးကျောင်းအုပ်အသစ်အဖြစ် ကျောင်းရဲ့ဆရာဟောင်း Joe Louis Clark ကို ငှားရမ်းဖို့ ဖြစ်လာခဲ့တော့တယ်။ အပြောဆိုး အလုပ်ကြမ်းတဲ့ Crazy Joe လို့လူသိများတဲ့ကျောင်းအုပ် Clark က စစရောက်ချင်းမှာပဲ ဆိုးသွမ်းပြီးမူးယစ်ရောင်း၀ယ်ဖောက်ကားနေတဲ့ ကျောင်းသားတွေကို စာရင်းပြုစုပြီး ကျောင်းကနေထုတ်ပယ်လိုက်တော့တယ် ကျောင်းအုပ် Clark ရဲ့ ကျောင်းအပေါ်ထားတဲ့စိတ်ထားနဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ကျောင်းသားနဲ့မိဘတွေ လက်ခံနိုင်မှာလား ဘယ်လို အတိုက်အခံတွေဖြစ်လာမလဲ စာမေးပွဲရလဒ်ကကော 75% ထိအောင်ချက်ကောင်းလာမလား။ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲဆိုတာ ခံစားကြည့်ရှုရမယ့် ကျောင်းအုပ်တစ်ယောက်ရဲ့ ကျောင်းအပေါ်ထားတဲ့ စိတ်ထားလေးကို မြင်တွေ့ရနိုင်မယ့် ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(2.5 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:48:00 Genre... Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wai Thwin

ဇာတ်လမ်းအကြောင်း