Battle for Castle Itter
Battle for Castle Itter (2025) ဒီတစ်ခေါက်မှာတော့ ပူပူနွေးနွေးထွက်ထားတဲ့ ဒုတိယကမ္ဘာစစ်အခြေခံ သမိုင်းဖြစ်ရပ်မှန်စစ်ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဂျာမနီစစ်ရှုံးသွားတဲ့အခါ သြစတြီးယားက အီတာရဲတိုက်ကို နာဇီတွေရန်က ခုခံရတဲ့ Battle of Castle Itter ဖြစ်ရပ်အကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ၁၉၄၅ ခုနှစ်မှာ ဟစ်တလာသေဆုံးသွားတဲ့အခါ အမေရိကန်တွေနဲ့ မဟာမိတ်တွေအပြင် နာဇီဝါဒကိုမကြိုက်တဲ့ ဂျာမန်တွေပါ စစ်ကြီးပြီးတော့မယ်ဆိုပြီး ဝမ်းသာခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျာမန်နာဇီတိုင်း လက်နက်ချချင်ခဲ့တာမဟုတ်ပါဘူး။ ရသမျှဖျက်ဆီးပြီး သုံ့ပန်းတွေနဲ့ အပေးအယူလုပ်ဖို့ ကြိုးစားနေတဲ့ နာဇီလက်ကျန်တွေလည်း ရှိပါသေးတယ်။ ဂျာမန်လက်အောက်ရောက်နေတဲ့ သြစတြီးနိုင်ငံ အီတာမြို့က အီတာရဲတိုက်မှာ ဂျာမန်စစ်သားတွေထွက်ပြေးသွားတော့ ပြင်သစ်ဝန်ကြီးချုပ်နှစ်ယောက်နဲ့ အကျဥ်းသားတွေဟာ အကာကွယ်ပေးမဲ့သူတွေမရှိတော့ပဲ ကျန်နေခဲ့ပါတယ်။ တစ်ဖက်မှာ ဒီဝန်ကြီးချုပ်နှစ်ယောက်ကိုဖမ်းပြီး အပေးအယူလုပ်ချင်နေတဲ့ နာဇီတပ်ရင်းတစ်ခုဟာ ရဲတိုက်ကိုပြန်သိမ်းဖို့ ချီတက်လာတဲ့အခါ ဝန်ကြီးချုပ်နှစ်ယောက်ဟာ ရရာမဟာမိတ်ကိုစုစည်းပြီး ရဲတိုက်ကိုခုခံဖို့ ပြင်ဆင်ရပါတော့တယ်။ ဒီပြင်သစ်ဝင်ကြီးနှစ်ယောက်သူတို့အကူအညီတောင်းတဲ့သူတွေဟာ ဘက်ပြောင်းနာဇီစစ်ဗိုလ်တစ်ယောက် , ဂျာမန်တော်လှန်ရေးတပ်သားတွေနဲ့ အမေရိကန် တပ်ဖွဲ့ဝင်တစ်ချို့ပဲဖြစ်ပါတယ် ။ တစ်ချိန်က နိုင်ငံမတူ ရပ်တူချက်မတူ ရန်သူတွေဖြစ်ခဲ့ကြတဲ့သူတွေ အီတာရဲတိုက်ကိုရောက်လာတဲ့အခါ မယုံသင်္ကာမှုတွေကြား ပြင်သစ် ၊ ဂျာမန် ၊ သြစတြီးယားနဲ့ အမေရိကန်မဟာမိတ်တွေ ဘယ်လိုခုခံခဲ့ကြသလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေကတော့ စတာဆာ နီကိုလစ် , ဒယ်နီရယ် ဂရိုဂန်နဲ့ ဖရန်ကိုလာစစ်တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ File size… 1.6 GB / 800 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 34m Subtitle….Myanmar Subtitle (Hard Sub) Translated by Solomon
ဇာတ်လမ်းအကြောင်း