ဇာတ်ကားများ ရွေးရန်

Dreams (Sex Love)

2024ဇာတ်ကားအမှတ် 7.0/10111 မိနစ်

Dreams (Sex Love) (2024) IMDb Rating (7.3) / Rotten Tomatoes (100%) လူတိုင်းက အချစ်ခံရတာကို ကြိုက်ကြတယ်။ ကိုယ့်ကို ချစ်တဲ့သူတွေမရှိရင် ကိုယ်က ဘယ်သူမှမဟုတ်တော့ဘူး...။ ဒီနော်ဝေးဇာတ်လမ်းက Haugerud ရဲ့ trilogy ဖြစ်တဲ့ Sex နဲ့ Love ကြားက ဒုတိယတစ်ပုဒ်ဖြစ်တဲ့ Dream ပဲ ဖြစ်ပါတယ်။ 75th Berlin International Film Festival ပွဲမှာ Golden Bear ဆုကို ရရှိခဲ့ပြီး လူတွေရဲ့ ရှုပ်‌ထွေးတဲ့ဆက်ဆံရေး၊ လိင်ပိုင်းဆိုင်ရာရမ္မက်၊ လူမှုရေးစံနှုန်းတွေနဲ့ လူသားတွေရဲ့ အချစ်ကိုတောင့်တ အိပ်မက်မက်မှုတွေကို ဖော်ညွှန်းထားပါတယ်။ ဇာတ်လမ်းအကျဉ်း ၁၇ နှစ်အရွယ် မိန်းကလေး Johanne က သူ့ကျောင်းမှာ ပြင်သစ်ဘာသာသင်တဲ့ ဆရာမဖြစ်တဲ့ Johanna ကို တိတ်တဆိတ်ချစ်မိပြီး သူ့ရဲ့ခံစားချက်တွေကို ချရေးခဲ့ရပါတယ်။ ဒီလိုနဲ့ ဆရာမကိုချစ်မိသွားတဲ့ သူ့အချစ်ရေးကို စာမျက်နှာ ၉၀ ပါတဲ့ ဝတ္ထုတစ်အုပ်စာ ရေးခဲ့ပြီးနောက်မှာတော့ ပထမဆုံးရင်ဖွင့်တဲ့အနေနဲ့ သူ့အဘွားကို ဖတ်ခိုင်းခဲ့ပါတယ်။ နောက်ပိုင်း Johanne ရဲ့ အမေနဲ့ အဘွားက Johanne ရေးထားတဲ့စာအုပ်ကိုဖတ်ပြီး အရေးအသားကောင်းလွန်းတာကြောင့် စာအုပ်ထုတ်ဖို့ အကြံပေးကြပြီး Johanne ရဲ့ တစ်ဖက်သတ်အချစ်ရေးက ဘယ်လိုရှုပ်ထွေးမှုတွေ ဆက်ရင်ဆိုင်ရမလဲဆိုတာ....။ ဒီဇာတ်လမ်းက လူငယ်တွေရဲ့ အချစ်ကို ပထမဆုံးခံစားသိရှိရတဲ့ အတွေ့အကြုံ၊ လိင်ပိုင်းဆိုင်ရာရမ္မက်တွေနဲ့ တောင့်တမှုအိပ်မက်တွေကို ပွင့်ပွင့်လင်းလင်း သရုပ်ဖော်ထားတဲ့ ဒရမ်မာကောင်းတစ်‌ပုဒ်ပဲ ဖြစ်ပါတယ်။ File size… (1.5 GB) / (670 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:51:06 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း