Remember
ဟန်ဖီလ်ဂျူဟာ အသက်ရှစ်ဆယ်အရွယ်၊ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတဲ့ အဘိုးကြီးတစ်ယောက်ပါ။ သူ့မှာ လူတွေမသိအောင် ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတယ်။ အဲဒါကတော့ နှစ်ပေါင်းခြောက်ဆယ်လောက် အကွက်ချစီစဉ်လာခဲ့တဲ့ ကိစ္စတစ်ခုပါ။ အင်ဂယူက ဟန်ဖီလ်ဂျူရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး အသက်အရွယ် အများကြီးကွာပေမယ့် သူငယ်ချင်းတွေလို ခင်မင်ကြပါတယ်။ တစ်နေ့ ဟန်ဖီလ်ဂျူကို ကူညီပေးရင်း အင်ဂယူဟာ မမျှော်လင့်ဘဲ လူသတ်မှုမှာ သံသယရှိသူ ဖြစ်သွားတယ်။ သူယုံကြည်ခင်မင်ခဲ့တဲ့ ဟန်ဖီလ်ဂျူက လူသတ်သမားအစစ် ဖြစ်နေတာကိုလည်း သိလိုက်ရပါတယ်။ ဟန်ဖီလ်ဂျူ ဘာကြောင့် လူသတ်ခဲ့တာလဲ၊ နှစ်ခြောက်ဆယ်လောက် စီစဉ်လာတဲ့ကိစ္စက ဘာလဲဆိုတာနဲ့အတူ အင်ဂယူက သူ့အပေါ်ကျရောက်နေတဲ့ စွပ်စွဲချက်တွေကို ဘယ်လိုရှင်းမလဲဆိုတာ ဆက်တွေ့ရမှာပါ။ Lee Sung Min နဲ့ Nam Joo Hyuk တို့ အဓိကပါဝင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း