ဇာတ်ကားများ ရွေးရန်

Loving Adults

2022ဇာတ်ကားအမှတ် 6.3/10106 မိနစ်

မိုးသည်းတဲ့ညတစ်ညမှာ ခရစ်စတန်ဟာ အပြေးလေ့ကျင့်ပြီး ပြန်လာမယ့် ဇနီး လီယိုနိုရာကို စောင့်နေပါတယ်။ ခရစ်စတန်က ဗိသုကာပညာရှင်ဖြစ်ပြီး လီယိုနိုရာကတော့ ထူးချွန်တဲ့ စန္ဒယားပညာရှင်တစ်ဦးပါ။ သားလေး ဂျိုဟန် အပြင်းအထန် နေမကောင်းဖြစ်လာတော့ လီယိုနိုရာဟာ သူ့အလုပ်အကိုင်ကို စွန့်လွှတ်ပြီး သားကိုပဲ အချိန်ပေးစောင့်ရှောက်လာခဲ့ပါတယ်။ တစ်နေ့မှာ ခရစ်စတန်က လုပ်ဖော်ကိုင်ဖက်အမျိုးသမီး စီနာနဲ့ ဖောက်ပြန်နေတယ်ဆိုတာ လီယိုနိုရာ သိသွားတယ်။ အခက်အခဲတွေကို အတူတူ ဖြတ်သန်းလာခဲ့တဲ့ ဒီလင်မယားအတွက် အခုတစ်ခါ ကြုံရတာက အိမ်ထောင်ရေးဖောက်ပြန်မှုပါ။ ဒီကိစ္စပေါ်လာပြီးနောက် သူတို့အိမ်ထောင်ရေး ဘယ်လိုဆက်ဖြစ်မလဲ၊ ဆက်တည်မြဲအောင် တည်ဆောက်နိုင်ဦးမလားဆိုတာ မေးခွန်းဖြစ်လာပါတယ်။

ဇာတ်လမ်းအကြောင်း