The Unfair
The Unfair ဟာ တောင်ကိုရီးယားမှာ ၂၀၀၉ ခုနှစ်က ဆန္ဒပြပြည်သူငါးဦးနဲ့ ရဲဝန်ထမ်းတစ်ဦး သေဆုံးခဲ့တဲ့ Yongsan Tragedy ကို အခြေခံစိတ်ကူးယူရေးသားထားသော SoSooUiGyeong ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာပါ။ ခရိုနီတွေနဲ့ အာဏာရှိသူတချို့ကြောင့် ပြည်သူတွေ ကြုံရတဲ့ မမျှတမှုတွေအကြောင်းကို ပုံဖော်ထားပါတယ်။ ဇာတ်လမ်းထဲမှာ မြို့ပြပြန်လည်ဖွံ့ဖြိုးရေးစီမံကိန်းကြောင့် ရပ်ကွက်နေပြည်သူတွေကို မတရားနှင်ထုတ်ကြပါတယ်။ နေထိုင်သူတွေက အိမ်တွေကို မဖယ်ပေးဘဲ တစ်နှစ်ကျော်ကြာ ဆန္ဒပြခဲ့ကြတယ်။ နောက်ဆုံး ရဲအင်အားသုံးပြီး ဖြိုခွဲတဲ့နေ့မှာ ဆန္ဒပြသူတစ်ဦးရဲ့သား ဘတ်ရှင်းအူနဲ့ ရဲအရာရှိတစ်ဦး သေဆုံးသွားပါတယ်။ ဖြစ်ရပ်အပြီး ဘတ်ဂျယ်ဟိုဟာ မတော်တဆလူသေစေမှုနဲ့ တရားစွဲခံရပေမယ့် ဘတ်ရှင်းအူကို သတ်ခဲ့သူကတော့ အစစ်အမှန် မပေါ်သေးပါဘူး။ ဒီအမှုတွေအတွက် ပြည်သူ့ရှေ့နေ ယွန်ဂျင်ဝန်၊ ရှေ့နေ အီဒယ်ဆော့နဲ့ သတင်းထောက် ဂုံဆူဂယောင်းတို့ ပူးပေါင်းဆောင်ရွက်ကြပါတယ်။ သူတို့ရဲ့ကြိုးစားမှုက ဘတ်ဂျယ်ဟိုနဲ့ ဘတ်ရှင်းအူတို့အတွက် တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်မလားဆိုတာ ဆက်လက်ရင်ဆိုင်ရမယ့် အမှုခရီးပါ။
ဇာတ်လမ်းအကြောင်း