ဇာတ်ကားများ ရွေးရန်

Stowaway

2022ဇာတ်ကားအမှတ် 6.5/1094 မိနစ်

ဆိုးမိုက်ပေတေပြီး ရန်ဖြစ်ဖို့လည်း ဝန်မလေးတဲ့ မိန်းကလေးတစ်ယောက်ဟာ နှစ်အတော်ကြာ အဆက်အသွယ်ပျောက်နေတဲ့ အဖေဆီက ဇိမ်ခံလှေတစ်စီး အမွေရဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ စာရွက်စာတမ်းကိစ္စတွေက နောက်တစ်နေ့မှ ပြီးစီးမှာမို့ လှေကို တရားဝင်လက်ခံရဖို့တော့ စောင့်ရဦးမယ်။ သူက အဲဒီညမှာပဲ အမျိုးသားတစ်ယောက်နဲ့ လှေပေါ်တက်ပြီး အတူနေခဲ့တယ်။ နှစ်ယောက်သား တရေးတမော အိပ်ပျော်နေတုန်း လှေကြီးက ထွက်ခွာသွားပါတော့တယ်။ မိန်းကလေးနေရာမှာ Ruby Rose ပါဝင်ထားပြီး CW ရဲ့ Batwoman အဖြစ် ရင်းနှီးကြသူတွေ ရှိမှာပါ။ သူက John Wick 2၊ XXX: Return of Xander Cage၊ Resident Evil: The Final Chapter နဲ့ Pitch Perfect 3 တို့မှာလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဗီလိန်အဖြစ် ပါဝင်သူကတော့ The Purge: Election Year၊ Hitman's Wife's Bodyguard နဲ့ Captain America: The Winter Soldier တို့မှာ ပါဝင်ခဲ့တဲ့ Frank Grillo ပါ။ အာနိုးရဲ့သား Patrick Schwarzenegger လည်း ပါဝင်ထားပြီး ပင်လယ်ထဲ ထွက်သွားတဲ့ ဇိမ်ခံလှေပေါ်မှာ ဘာတွေကြုံရမလဲဆိုတာ ဆက်ထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း