ဇာတ်ကားများ ရွေးရန်

TÁR

2022ဇာတ်ကားအမှတ် 7.2/10158 မိနစ်

လစ်ဒီရာတာဟာ ဘာလင်သံစုံတူရိယာဝိုင်းရဲ့ ဂီတမှူးဖြစ်ပြီး ဂီတလောကမှာ အောင်မြင်ကျော်ကြားသူတစ်ယောက်ပါ။ လူတွေက သူ့နာမည်ထက် “ပါရဂူဂီတမှူး” ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လေးလေးစားစား ခေါ်ကြတယ်။ ဇာတ်လမ်းအစက အင်တာဗျူးမှာ သူ့ရဲ့အောင်မြင်မှုတွေနဲ့အတူ ကိုယ်ရေးကိုယ်တာဘက်မှာရော ဂီတဘက်မှာပါ ထက်မြက်သူတစ်ယောက်အဖြစ် မိတ်ဆက်ထားပါတယ်။ တစ်ရက်မှာ လစ်ဒီရာက ဂျူလီယာ့ဒ်မှာ ဂီတလက်ချာတစ်ခု ပေးတယ်။ ကျောင်းသားတစ်ယောက်ကို ဘာ့ခ်ရဲ့တေးသွားတွေ ကြိုက်သလားလို့ မေးတဲ့အခါ ဘာ့ခ်ရဲ့ကိုယ်ရေးကိုယ်တာကို သဘောမကျလို့ သူ့ဂီတကိုလည်း ခံစားလို့မရဘူးလို့ ပြန်ဖြေပါတယ်။ လစ်ဒီရာကတော့ ဂီတကောင်းမကောင်းကို ဖန်တီးသူရဲ့ဘဝနဲ့ အမှားအပြစ်တွေအပေါ် မူတည်ပြီး မဆုံးဖြတ်ဘဲ ဂီတအဖြစ်ပဲ ခံစားဖို့ တိုက်တွန်းခဲ့တယ်။ ဒါပေမဲ့ အနုပညာနဲ့ ဖန်တီးသူကို ဘယ်အတိုင်းအတာအထိ ခွဲကြည့်နိုင်မလဲ။ ကိုယ်နှစ်သက်တဲ့ ဂီတပညာရှင်က ကိုယ်ကျင့်တရားပျက်ပြားနေရင်၊ ဒါမှမဟုတ် ခွင့်မလွှတ်နိုင်တဲ့ အပြစ်တစ်ခု ကျူးလွန်လာရင် လူထုက ဝိုင်းဝန်းပယ်ဖျက်တဲ့ Cancel Culture ဝင်လာသင့်သလားဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ လစ်ဒီရာရဲ့ ပါရမီနဲ့အောင်မြင်မှုနောက်ကို ကိုယ်ကျင့်တရားက မလိုက်နိုင်တော့ချိန်မှာ သူကြုံရတဲ့ ရုန်းကန်မှုတွေကို အမှားအမှန် တစ်ဖက်သတ်ဆုံးဖြတ်မပေးဘဲ တင်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း