ဇာတ်ကားများ ရွေးရန်

Stabbing Into the Throat

2022ဇာတ်ကားအမှတ် 4.0/1071 မိနစ်

ရဲအရာရှိ လုယောင်ဟာ အလုပ်တာဝန်ကို ဦးစားပေးရင်း ညီမလေးကို နောက်တန်းမှာပဲ ထားမိနေလို့ အမြဲအပြစ်ရှိသလို ခံစားနေရသူပါ။ အဲဒီလိုနဲ့ တစ်နေ့မှာ မူးယစ်မှောင်ခိုသမားတွေက သူ့ညီမကို ပြန်ပေးဆွဲသွားပြီး သူတို့အစ်ကိုကြီးနဲ့ လဲလှယ်ဖို့ တောင်းဆိုလာကြတယ်။ ညီမကို ကယ်ဖို့အတွက် မူးယစ်မှောင်ခိုသမားကို လွှတ်ပေးပြီး ရဲတာဝန်အပေါ် သစ္စာဖောက်မလားဆိုတဲ့ ရွေးချယ်ရခက်တဲ့အခြေအနေကို လုယောင် ရင်ဆိုင်ရပါတော့တယ်။ တစ်ဖက်မှာလည်း လုယောင်တို့အဖွဲ့က မီလဲ့ဆိုတဲ့ မူးယစ်မှောင်ခိုခေါင်းဆောင်ကြီးကို လိုက်ဖမ်းနေကြပါတယ်။ မီလဲ့က ခြေရာခံလို့မရအောင် ပျောက်နေသူမို့ ဘယ်မှာပုန်းနေသလဲ၊ သူတို့ တကယ်ဖမ်းမိနိုင်မလားဆိုတာ မသိရသေးဘူး။ မထင်မှတ်တဲ့ အလှည့်အပြောင်းတွေကြားက လုယောင်ရဲ့အကြောင်းကို မျက်နှာသစ်သရုပ်ဆောင်များစွာနဲ့ ရိုက်ကူးထားတဲ့ အက်ရှင်မှုခင်းဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း