Mononoke the Movie: Chapter II - The Ashes of Rage
Mononoke the Movie: The Ashes of Rage (2025) Mononokoe အကြောင်း စပြောရမယ်ဆိုရင် သူ့ရဲ့ အံ့သြဖွယ်ရာ Art Style တွေပဲ ဖြစ်ပါတယ်။ ပုံမှန် Anime နဲ့ မတူပဲ အရောင်တွေစုံလင်ပြီး ကြည့်နေရတာ လှုပ်ရှားနေတဲ့ ရေဆေးပန်းချီကားချပ်တွေလိုပါပဲ။ မကြည့်တတ်တဲ့လူတွေအတွက်တော့ နည်းနည်းခေါင်းမူးစရာ ဖြစ်နေမလားတော့ မသိပါဘူး။ ကဲ Mononoke ရဲ့ အကြောင်းပြောရမယ်ဆို သူက Supernatural စီးရီးက ညီအစ်ကိုနှစ်ကောင်လို ဆရာမ ဒဂုန်ခင်ခင်လေးရဲ့ မှော်ဆရာမှတ်တမ်းထဲက အထက်လမ်းအပနှင်ဆရာတွေလိုမျိုး ဒီထဲက ဘဲကြီးကလည်း ဆေးကုန်သည်အဖြစ် ရွာရိုးကိုးပေါက် လျှောက်သွားပြီး ပရလောက ဖြစ်ရပ်ဆန်းကြယ်တွေကို လိုက်လံဖြေရှင်းပေးတဲ့လူပါ။ သူ့ဆီမှာ ထူးဆန်းတဲ့ ဓားတစ်ချောင်း ရှိနေပြီး အဲဒီ မကောင်းဆိုးရွား ဝိဉာဉ် ပရလောကသားတွေကို နှိမ်နှင်းဖို့“သွင်ပြင်သဏ္ဍာန်” “အမှန်တရား” “အကြောင်းရင်း” ဒီ အချက် ၃ ချက်နဲ့ ပြည့်စုံမှ ဓားကို ကိုင်စွဲပြီး သုတ်သင်ဖြေရှင်းပေးတာမျိုးပါ။ ဒုတိယမြောက် ဒီရုပ်ရှင်က ပထမကားအပြီး ၁ လအကြာလောက်မှာ ဇာတ်လမ်းဆင်ထားပါတယ် (ဒါကြောင့် ပထမကား မကြည့်ရသေးရင် အရင်ကြည့်ဖို့ အကြံပေးချင်ပါတယ်ဗျ နာမည်ကတော့ Mononoke the Movie: The Phantom in the Rain ဖြစ်ပါတယ်)။ ပထမကားထဲက Ōoku (အပျိုတော် နန်းတွင်းဆောင်) ထဲမှာ Mononoke ကို သုတ်သင်ရှင်းလင်းအပြီး ဒီနေရာမှာပဲ ထပ်မံ ဖြစ်ပေါ်လာတဲ့ မကောင်းဆိုးဝါးကို အပနှင်ရဦးမှာ ဖြစ်ပါတယ်။ အခြေအနေအရ ပထမကားမှာ Ōoku အုပ်ချုပ်ရေးမှူး သေဆုံးပြီးတဲ့နောက် ဒီရာထူးတာဝန် လစ်ဟာနေပါတယ်။ အဲဒီမှာ အာဏာရှိ ကောင်စီဝန်ချုပ်ကြီးက ဒီရာထူးနေရာတွေကို ဘယ်လိုမျိုး ကစားဦးမလဲ။ ဘုရင်မင်းမြတ်က နှစ်သက်နေတာကြောင့် ပစားပေးခံနေရတဲ့ အဝတ်ထည်ကုန်သည်သမီးဖြစ်သူ ကိုယ်လုပ်တော်ကရော မနာလို ဖြစ်နေကြတဲ့ တခြားကိုယ်လုပ်တော်တွေကြားထဲ ဘယ်လိုတွေ ဖြစ်လာမလဲ။ ထူးဆန်းတဲ့ မီးတောက်သဏ္ဍာန် သရဲဝိဉာဉ်တွေဟာ လူတွေကို အလွန်အမင်း လောင်ကျွမ်းစေပြီး သူ့ သွင်ပြင်သဏ္ဍာန် အမှန်တရား အကြောင်းရင်းတို့ဟာ ဘာတွေဖြစ်နေဦးမလဲ။ ထုံးစံအတိုင်း ဆေးကုန်သည်အပနှင်သူကြီးတစ်ယောက် ဂိတ်မှူးနဲ့ အတိုက်အခံတွေလုပ်ရင်း ဘယ်လိုဖြေရှင်းပေးရဦးမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရပါဦးမယ်။ နောက်လာမယ့် ၃ ကားမြောက်ကိုလည်း နောက်နှစ်ထဲ ရုံတင်မယ်လို့ ကြေငြာထားတာဖြစ်လို့ တောက်လျှောက် အဆက်မပြတ်ပဲ ခံစားနိုင်ဦးမှာပါ။ File size… 2.8 GB / 1.3 GB Quality… Web DL 1080p / 720p Format… mp4 Duration…. 1h 14m Genre ..... Anime, Horror, Mystery Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း