ဇာတ်ကားများ ရွေးရန်

Driving Miss Daisy

1989ဇာတ်ကားအမှတ် 7.2/1099 မိနစ်

ဒီဇာတ်ကား​​လေးကတော့ မင်းသားကြီး မော်ဂန်ဖရီးဖင်းနဲ့ မင်းသမီးကြီး ဂျက်ဆီကာတန်ဒီတို့ပါဝင်သရုပ်ဆောင်ထားတဲ့ အော်စကာလေးခုတောင်ရခဲ့တဲ့ 1989ခုနှစ်ကထွက်ရှိခဲ့တဲ့ ကားကောင်းတစ်ကားပါ ဇာတ်လမ်းကတော့ ကပ်စီးနဲဇီဇာကြောင်တဲ့လူဖြူဂျူးအဘွားကြီး မစ္စဒေစီနဲ့ သူ့ဆီမှာဒရိုင်ဘာအဖြစ်အလုပ်လုပ်မဲ့ ပျော်ပျော်ပြုံးပြုံးနဲ့စိတ်ရှည်သည်းခံတတ်တဲ့ လူမဲအဘိုးကြီးဟုတ်ခ်တို့ကြားက ​relationship လေးကို လှပစွာပုံဖော်ထားတာပဲဖြစ်ပါတယ် မစ္စဒေစီဟာ ဒရိုင်ဘာမလိုချင်ဘဲ သားဖြစ်သူကအတင်းတိုက်တွန်းလို့ခန့်ပေးထာတာကြောင့် ဟုတ်ခ်ကိုအမြင်မကြည်မကြည်ဖြူဖြစ်ရာကနေ ဟုတ်ခ်ရဲ့စိတ်ရှည်သည်းခံမှုတွေကြောင့် မစ္စဒေစီတစ်ယောက် ဟုတ်ခ်အပေါ်အမြင်တွေပြောင်းလဲလားမလားဆိုတာ.... တောင်ပိုင်းအမေရိကန်တွေရဲ့ လူမျိုးရေးခွဲခြားမှုနဲ့လူမှုဆက်ဆံရေးကိုလည်း တစေ့တစောင်းဖော်ပြထားသလို သိမ်မွေ့တဲ့စိတ်ခံစားချက်တွေကို သဘာဝကျကျသရုပ်ဆောင်ပြသွားတဲ့ သရုပ်ဆောင်နှစ်ယောက်ရဲ့ chemistry ကတော့ ဇာတ်ကားရဲ့အသက်မို့လို့ ကြည့်ရတာတန်မဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ခံစားကြည့်ရှုလိုက်ကြပါအုံးနော်..... File size…(2.3 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre... Comedy, Drama Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း