ဇာတ်ကားများ ရွေးရန်

Gasoline Rainbow

2024ဇာတ်ကားအမှတ် 5.8/10111 မိနစ်

Gasoline Rainbow ရုပ်ရှင်ဟာဆိုရင် ကျောင်းပြီးခါစ လူငယ်၅ယောက်ရဲ့ လူကြီးဘဝ အလုပ်ခွင်မဝင်ကြခင် နောက်ဆုံး စွန့်စားခန်းအနေနဲ့ ကမ္ဘာကြီးရဲ့အဆုံးသတ်ဆိုတဲ့ပါတီကို ဗန်ကားတစ်စီးနဲ့သွားကြပုံကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကို ဇာတ်မတိုက်ပဲ သရုပ်ဆောင်မဟုတ်တဲ့ လူငယ်၅ယောက်နဲ့ ရိုက်ကူးထားတဲ့အတွက် တကယ်ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ရုပ်ရှင်နဲ့လက်တွေ့ကို ရောနှောရိုက်ကူးထားတာဖြစ်လို့ ဇာတ်ကားတစ်ကားအစား vlog တစ်ပုဒ် ကြည့်နေရသလိုခံစားရစေမှာပါ။ ဒီ Gasoline Rainbow ရုပ်ရှင်ကားဟာဆိုရင် rotten tomatoမှာလည်း 93% rating ရရှိထားပြီး 2024 Luxembourg City Film Festival မှာလည်း Audience Awardကိုဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ ဇာတ်ကောင် တစ်ယောက်ချင်းစီရဲ့ လူကြီးဖြစ်ခါစ ပူပန်မှုတွေ အခက်အခဲတွေနဲ့အတူ လူငယ်ဆန်ဆန် လောကကြီးကိုထီမထင် ပေါ့ပါးမိုက်ရူးရဲဆန်တဲ့ အပြုအမူတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်တဲ့အတွက် ကိုယ်တိုင်ငယ်ဘဝကို ပြန်လည်သတိရတန်ဖိုးထားမိစေမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File Size… (2.28 GB) / (1.28 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 51m Genre ….Adventure , Drama Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း