ဇာတ်ကားများ ရွေးရန်

Code Name Banshee

2022ဇာတ်ကားအမှတ် 5.8/1093 မိနစ်

CIA ရဲ့ လက်သုံးတော်ဖြစ်တဲ့ ကေလပ်တို့အဖွဲ့ အင်အားကြီးလာတာနဲ့အမျှ CIA ကိုယ်တိုင်က သူတို့ရဲ့အတွင်းသတင်းတွေ ပေါက်ကြားလာမှာကို စိုးရိမ်လာပါတယ်။ ဒါကြောင့် ရုရှားကို သတင်းရောင်းစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အန်တိုနီဦးဆောင်တဲ့အဖွဲ့ကို ကေလပ်တို့အား လုပ်ကြံဖို့ စေလွှတ်လိုက်တယ်။ ကေလပ်ကတော့ အသက်ရှင်လွတ်မြောက်သွားပြီး CIA လက်ကနေ ငါးနှစ်လောက် ခြေရာဖျောက်နေခဲ့ပါတယ်။ CIA က အပူတပြင်း လိုက်ရှာနေဆဲမှာပဲ ဘန်ရှီးလို့ခေါ်တဲ့ သူ့တပည့်က သူ့ဆီရောက်လာတယ်။ ကေလပ်နဲ့ ဘန်ရှီးတို့ အတူပူးပေါင်းပြီး အန်တိုနီနဲ့ CIA ကို ဘယ်လိုပြန်တိုက်ခိုက် လက်စားချေမလဲဆိုတာ ဆက်ထားတဲ့ အက်ရှင်ဇာတ်ကားပါ။ The Skin I Live In နဲ့ Zorro တို့ကနေ လူသိများတဲ့ Antonio Banderas ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း