ဇာတ်ကားများ ရွေးရန်

Hunting Daze

2024ဇာတ်ကားအမှတ် 6.1/1079 မိနစ်

Thriller/ Mystery ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ၂၀၂၄ ခုနှစ်ထွက် Hunting Daze ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီကားထဲက အဓိကဇာတ်ကောင်ကတော့ နီနာဆိုတဲ့ အဖော်အချွတ်မယ် ကောင်မလေးတစ်ယောက်ပါ။ တစ်ရက်မှာ နီနာနဲ့ အခြားကောင်မလေးတွေဟာ သူတို့ရဲ့ ပြည့်တန်ဆာခေါင်းနဲ့အတူ တောလမ်းတစ်ခုကိုဖြတ်ပြီး ခရီးသွားနေတုန်း လမ်းခုလပ်မှာ ကားဆီကုန်သွားပါတယ် ။ နီနာက အနီးတစ်ဝိုက်မှာ သူနဲ့ပတ်သတ်ခဲ့ဖူးတဲ့လူတစ်ယောက် အမဲလိုက်ထွက်နေတာကို သိထားတဲ့အတွက် ဆီလာပို့ပေးဖို့ဆက်သွယ်ခဲ့ပါတယ်။ အဲဒီလူ ဆီလာပို့ပေးတဲ့အချိန်မှာ နီနာဟာ ပြည့်တန်ဆာခေါင်းနဲ့ စကားများပြီး ဆီလာပို့ပေးတဲ့လူနဲ့ အတူ သူတို့ရဲ့ အမဲလိုက်တည်းခိုအိမ်ဆီပဲလိုက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ် ။ ဒီလိုနဲ့ တောထဲကိုအမဲလိုက်ဖို့ ထွက်လာကြတဲ့ ယောက်ျားလေးအုပ်စုထဲမှာ နီနာဟာ လိုက်လျောညီထွေနေထိုင်ရင်း အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ တစ်ရက်ကျ သူတို့အုပ်စုထဲကို နောက်ထပ် လူစိမ်းတစ်ဦးရောက်ရှိလာတဲ့အခါ ထူးဆန်းတဲ့ကိစ္စတွေ စပြီးဖြစ်ပျက်လာပါတော့တယ်။ ဘယ်လို ထူးဆန်းတဲ့ကိစ္စတွေဖြစ်ပျက်လာတာလဲ၊ အသစ်ရောက်လာတဲ့ လူစိမ်းကရော ဘယ်လိုလူမျိုးလဲ.... ကြုံလာရတဲ့ အခက်အခဲတွေကို နီနာကဘယ်လိုရင်ဆိုင်ပြီး ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဇာတ်လမ်းထဲမှာ သွေးထွက်သံယိုပြကွက်တွေနဲ့ အဆဲအဆိုစကားလုံးတွေပါဝင်ကြောင်းကိုတော့ ကြိုတင်အသိပေးလိုက်ချင်ပါတယ်။ File Size… (989MB) / (577MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 19m Genre ….Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း