ဇာတ်ကားများ ရွေးရန်

From the Queen to the Chief Executive

2001ဇာတ်ကားအမှတ် 6.0/10102 မိနစ်

ကောင်စီဝင် Leung ဟာ အကျဉ်းကျကာလ အကန့်အသတ်မရှိဘဲ ထောင်ချခံထားရတဲ့ အရွယ်မရောက်သေးသူတွေအတွက် ပြစ်ဒဏ်ကာလကို တိတိကျကျ သတ်မှတ်ပေးဖို့ ကြိုးစားနေပါတယ်။ ဥပဒေနဲ့ လူသားချင်းစာနာမှုကြားက ဒီအရေးကို ပြောပြရင်း Leung ရဲ့ အနစ်နာခံမှုတွေနဲ့အတူ လူငယ်တွေရဲ့ဘဝကိုလည်း ဖော်ပြထားတယ်။ Yue Ling က ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာရထားတဲ့ မိန်းကလေးတစ်ယောက်ပါ။ Cheung Yau-ming ကတော့ အိမ်မှာ မွန်းကျပ်လို့ အပြင်ထွက်နေရင် ပိုအဆင်ပြေမယ်လို့ တွေးပြီး ထွက်လာခဲ့ပေမယ့် အပေါင်းအသင်းကြောင့် လူသတ်မှုနဲ့ ထောင်ကျသွားခဲ့သူဖြစ်ပါတယ်။ Leung က အရွယ်မရောက်သေးတဲ့ အကျဉ်းသားတွေအတွက် ကြိုးစားနေချိန်မှာ တစ်ဖက်ကလည်း အသက်မပြည့်သေးပေမယ့် လူသတ်ရင် အပြစ်သားပဲဆိုတဲ့ အမြင်တွေ ရှိနေပါတယ်။

ဇာတ်လမ်းအကြောင်း