ဇာတ်ကားများ ရွေးရန်

The Normal Heart

2014ဇာတ်ကားအမှတ် 7.9/10133 မိနစ်

The Normal Heart (2014) IMDB - 7.9 Rotten Tomato - 94% မက်ခ်ရက်ဖလို ဂျင်မ်ပါဆန်စ် မတ်ဘိုမာ ဂျူလီယာရောဘတ်စ် စတဲ့နာမည်ကြီးသရုပ်ဆောင်များစွာပြီးအရမ်းကောင်းတဲ့ ဇာတ်လမ်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။ 1980 ဝန်းကျင် ဂေးတွေကြားမှာဂေးကင်ဆာဆိုတဲ့ကူးစက်ရောဂါတစ်ခုပြန့်ပွားနေတယ်။ ရောဂါသည် လူနာတွေကိုကုသပေးတဲ့ ဒေါက်တာ အမ်မာကိုယ်တိုင်လည်း ဘယ်ဗိုင်းရပ်စ်ကြောင့်ဖြစ်လဲဆိုတာမသိဘူးဖြစ်နေတယ်။ ကျန်းမာရေးဝန်ကြီးဌာနကို စာတင်ထားပေမယ့် အစိုးရကိုယ်တိုင် စိတ်မဝင်စားဖြစ်နေတဲ့အတွက် ဒေါက်တာ အမ်မာဟာဂေး အဖွဲ့အစည်းတစ်ချို့နဲ့ ဆက်သွယ်ပြီး ကျန်းမာရေးအသိပညာပေးဖို့ကြိုးစားနေရတယ်။ နက်ဒ် ဝိခ်စ်ကစာရေးဆရာတစ်ယောက်ဖြစ်ပြီး ဂေးတက်ကြွလှုပ်ရှားမှုမှာပါဝင်တဲ့အတွက် နာမည်ကြီးလူသိများတဲ့သူဖြစ်တယ်။ နက်ဒ်ကိုယ်တိုင်လည်းဒီသတင်းကိုကြားတဲ့အတွက်ဒေါက်တာအမ်မာနဲ့ဆွေးနွေးတိုင်ပင်ကြည့်တယ်။ လိင်ပိုင်းဆိုင်ရာလွတ်လပ်ခွင့်ကို တိုက်ယူခဲ့ရတဲ့ ဂေးတွေကိုအချင်းချင်းလိင်မဆက်ဆံဖို့တားမြစ်တာကမဖြစ်နိုင်ဘူး နက်ဒ်ကဒေါက်တာအမ်မာကိုပြောတယ်။ ဒါပေမယ့်လည်း သူ့ရှေ့တင်ဒီရောဂါကြောင့်သေဆုံးသူတွေများလာတဲ့အခါမှာတော့ နက်ဒ်ဟာတစ်ခုခုလုပ်မှဖြစ်မယ်လို့ဆုံးဖြတ်လိုက်ပြီး ဂေးကျန်းမာရေး ပြဿနာဖြေရှင်းရေးအဖွဲ့ကိုထူထောင်ပြီး အစိုးရဆီကအထောက်အပံ့ရအောင်ကြိုးပမ်းပါတော့တယ်။ တစ်ဖက်မှာလည်း ဒေါက်တာအမ်မာက တစ်ယောက်တည်းသုတေသနလုပ်နေရတဲ့အတွက်ခရီးမတွင်ဘူးဖြစ်နေတယ်။ ဂေးဆိုတာနဲ့လူတွေက ရွံသလိုလိုလန့်သလိုလို ဖြစ်နေတဲ့လူ့အသိုင်းအဝိုင်းဟာ ဒီကူးစက်ရောဂါကြောင့်ပိုမိုခွဲခြားလာပါတော့တယ်။ ဂေးတွေသေဆုံးတာကိုသိပ်အဖက်မလုပ်တဲ့အတွက်နက်ဒ်တို့ အစိုးရကို စာပေးနဲ့တစ်ဖုံ မီဒီယာတစ်နည်းဖိအားပေးတောင်းဆိုလာတဲ့အခါမှာတော့....... File Size - 1.8 GB/ 1 GB Quality - BluRay 1080p/ 720p Duration - 2h 12m Format - mp4 Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း