Waikiki Brothers
Waikiki Brothers (2001) 2001 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒရာမာ ဇာတ်ကားကောင်းလေးတစ်ကားကို ကြည့်ရှုလိုက်ရအောင်နော်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ Ode To My Father, 12.12 The Day စတဲ့ ရုပ်ရှင်တွေနဲ့လူသိများတဲ့ ဝါရင့်မင်းသားကြီး Hwang Jung Min ၊ Addicted ဇာတ်ကားမှာပါဝင်ခဲ့တဲ့ မင်းသား Lee Eol နဲ့ ဇာတ်ပို့မင်းသားကြီး Park Won Sang တို့ပဲဖြစ်ပါတယ်။ Waikiki Brothers ဆိုတဲ့ Band ကတော့ အလုပ်အကိုင်မကောင်းတဲ့ကာလမှာ ဦးတည်ချက်မဲ့ လျှောက်သွားနေရပြီး ခက်ခဲတဲ့ band တစ် band ပဲဖြစ်ပါတယ်။ သူတို့ band ကနေ ဆက်ဆိုဖုန်း တီးတဲ့သူကလည်း ထွက်သွားတော့ အဆိုတော်နဲ့ ဂစ်တာသမား ဆောင်းအူ၊ ကီးဘုတ်သမား ဂျောင်ဆော့နဲ့ ဒရမ်သမားဂန်ဆူးပဲ ကျန်တော့တာပေါ့။ အဲဒီလိုနဲ့ သူတို့ရဲ့ band ဟာ ဆောင်းအူရဲ့ မွေးရပ်မြေဖြစ်တဲ့ ဆူအန်းဘိုကို သွားပြီး နိုက်ကလပ်မှာ ဖျော်ဖြေဖို့ အလုပ်ရလိုက်ပါတယ်။ ဆောင်းအူအတွက်တော့ မွေးရပ်မြေ ပြန်ဖြစ်တဲ့အချိန်မှာ နာကျင်ခဲ့ရတဲ့ အတိတ်ဟောင်းတွေ ပြန်ပေါ်လာတော့တာပေါ့။ အထက်တန်းကျောင်းကသူငယ်ချင်းအဟောင်းတွေနဲ့ ပြန်ဆုံဖြစ်တယ်။ အချစ်ဟောင်းနဲ့လည်း ပြန်ဆုံဖြစ်တယ်။ ဒါပေမဲ့ သူတို့အားလုံးရဲ့ ဘဝတွေကလည်း သူ့လိုပဲ ခက်ခဲတဲ့အခြေအနေထဲရောက်နေရတာပါပဲ။ သူတို့ band ကလည်း အစမှာတော့ အရာရာအဆင်ပြေပေမဲ့ band အဖွဲ့ဝင်တွေဖြစ်တဲ့ ဂျောင်ဆော့နဲ့ ဂန်ဆူးက စပြီး ပြဿနာရှာရာကနေ အခြေအနေတွေ အဆင်မပြေတော့ဘဲ ဖြစ်လာရပါတယ်။ ဒီရုပ်ရှင်မှာတော့ band အဖွဲ့ရဲ့ အဆိုးဆုံးအချိန်၊ အိပ်မက်တွေပျောက်ဆုံးရပြီး ချစ်ရသူနဲ့လည်း ဝေးကွာခဲ့ရတဲ့အကြောင်းကို ပြသထားပါတယ်။ ဒီရုပ်ရှင်က Baeksang Art Awards နဲ့ Busan International Film Festival တို့မှာလည်း ဆုရရှိခဲ့ပါတယ်။ File Size - 1.6 GB/ 772 MB Quality - BluRay 1080p/ 720p Duration - 1h 49m Format - mp4 Genre - Drama, Music Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်လမ်းအကြောင်း