ဇာတ်ကားများ ရွေးရန်

American Me

1992ဇာတ်ကားအမှတ် 7.4/10125 မိနစ်

ဒီဇာတ်ကားဟာဆိုရင်ဖြင့် ၁၉၅၀ မှ ၁၉၈၀ ပြည့်နှစ်များက အမေရိကန်နိုင်ငံထောင်တွင်း မက္ကဆီကန်မာဖီးယားတို့ ဩဇာလွှမ်းမိုးခဲ့ပုံကို ဖြစ်ရပ်မှန်အချို့ကို အခြေခံပြီး ဇာတ်လမ်းဇာတ်ကွက်ဆင်ကာ ရိုက်ကူးထားတဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဆန်တာနာဆိုတဲ့လူငယ်လေးတစ်ယောက်ဟာ လူငယ်ထိိန်းသိမ်းရေးစခန်းကို ပို့ခံရပြီးနောက စခန်းတွင်းအနိုင်ကျင့်ခံရမှုများကို ကျော်လွှားနိုင်ဖို့ သန်မာအောင်ကြိုးစားရာမှ နှစ်တွေကြာလာသောအခါ ထောင်တွင်းမှာဩဇာလွှမ်းမိုးတဲ့အဖွဲ့တစ်ခုရဲ့ခေါင်းဆောင်ဖြစ်လာပါတော့တယ်။ ထောင်တွင်းမှာအာဏာရလာသည်နှင့်အမျှ ဆန်တာနာတစ်ယောက် ထောင်တွင်းဆေးခြောက်ဖြန့်ဖြူးရေးလုပ်ငန်းကို စတင်လုပ်ဆောင်ပါတော့တယ်။ လူငယ်ဘဝမှ လူလတ်ပိုင်းဘဝအထိ ထောင်တွင်းမှာပဲနေခဲ့ရတဲ့သူတစ်ယောက် ပြစ်ဒဏ်စေ့လို့ထောင်မှလွတ်လာသောအခါ အတွေးအမြင်တွေ ဘယ်လိုပြောင်းလဲသွားမလဲ၊ဆေးဖြန့်ဖြူးတဲ့အလုပ်ကိုရော ဆက်လက်လုပ်ဆောင်နိုင့်ပါ့မလား၊ ခက်ခက်ခဲခဲစုစည်းထားတဲ့ဂိုဏ်းကိုရော အောင်အောင်မြင်မြင်ဦးဆောင်နိုင်ပါမလားဆိုတာကို ကြည့်ရှုရမည့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(2.2  GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Crime, Drama  Subtitle….Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း