ဇာတ်ကားများ ရွေးရန်

Snake Lady

2022ဇာတ်ကားအမှတ် 4.0/1088 မိနစ်

မဂ္ဂဇင်းတိုက်က ထုတ်လုပ်သူ ကုချိုးနဲ့ အယ်ဒီတာ လီထုံတို့ဟာ သူငယ်ချင်းတချို့ကို ခေါ်ပြီး မြွေနတ်ကို ရှာဖို့ လျှို့ဝှက်ဆန်းကြယ်တဲ့ ကျွန်းတစ်ကျွန်းဆီ ခရီးထွက်လာကြပါတယ်။ ဒဏ္ဍာရီထဲကလို ဖြစ်နေတဲ့ အဲဒီကျွန်းမှာ ထူးခြားတဲ့ မြွေကြီးတွေ ရှိနေတယ်။ လီထုံအတွက်တော့ ဒီခရီးမှာ သိချင်နေတာ နောက်တစ်ခုလည်း ရှိပါတယ်။ သူ့အဖေက တစ်ချိန်က တာဝန်ထမ်းဆောင်ရင်း အဲဒီကျွန်းကို ရောက်ခဲ့ဖူးလို့ အဖေ အဲဒီမှာ ဘာတွေကြုံခဲ့ရသလဲဆိုတာ သိချင်နေတာပါ။ ရုတ်တရက် ရောက်လာတဲ့ သူတို့အဖွဲ့ကို ကျွန်းပေါ်ကခေါင်းဆောင် လျန်ရန်က ဘယ်လိုဧည့်ခံမလဲ၊ သူတို့ကို ဘာတွေဖုံးကွယ်ထားသလဲဆိုတဲ့ မေးခွန်းတွေလည်း ရှိနေတယ်။ လီထုံကရော ကျွန်းပေါ်မှာ အဖေကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေကို သိခွင့်ရပါ့မလား။

ဇာတ်လမ်းအကြောင်း