My Pretend Girlfriend
My Pretend Girlfriend (2014) "အကြီးမားဆုံး တရားမမျှတမှုက ဘာလဲ" "ကိုယ်နဲ့ မထိုက်တန်တာတွေကိုရတာ" ဒီစကားကို ရုပ်ရှင် အစမှာ ပြောပေမဲ့ ဇာတ်လမ်းအဆုံးမှ ဘာကိုမထိုက်တန်တာလဲဆိုတာကို အဖြေရှာလို့ရပါလိမ့်မယ်။ လူတိုင်း အထက်တန်းကျောင်းမှာ ရည်းစားထားဖူးပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ရည်းစားမဟုတ်တဲ့ ရည်းစားဦးတစ်ယောက်ကို ဘယ်လိုခေါ်မလဲ။ အငှားရည်းစားလား ရည်းစားအတုလား ဒါမှမဟုတ် မတော်လိုက်ရတဲ့ရည်းစားလား။ ဒီဇာတ်ကားလေးမှာက ဒီဟာရဲ့ အဓိပ္ပာယ်ကို မင်းသမီးရဲ့ ချစ်စရာမျက်နှာပြည့်ပြည့်လေးပေါ်မှာ အဖြေရှာရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ နိုဘိုရု ဟာ ငယ်ငယ်က သူ့ရဲ့ အသက် အကြွေးတင်နေတဲ့ ငယ်သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ ဒီသူငယ်ချင်းနဲ့ မထင်မှတ်ပဲ အထက်တန်းကျောင်းမှာ ပြန်ဆုံပြီး သူ့ကို အကူအညီတခုတောင်းပါတော့တယ်။ ဒါကတော့ သူနဲ့ ရည်ငံနေတဲ့ ကောင်မလေးနဲ့ ကျောင်းမှာ သတင်းတွေထွက်မှာ စိုးတဲ့အတွက် နိုဘိုရု နဲ့ အငှားရည်းစားသဖွယ် ကောလဟလတွေမထွက်အောင် တွဲခိုင်းပါတော့တယ်။ ဒီလို အငှားရည်းစား ထားတဲ့ မြန်မာဇာတ်ကားတွေကို ဖန်တရာတေအောင် ကြည့်ဖူးကြတယ်ဆိုပေမဲ့ ဇာတ်ကောင်နဲ့ တသားတည်း လိုက်ခံစားရတဲ့ ဇာတ်လမ်းဆိုတာ မရှိသလောက်ရှားပါတယ်။ ဒီထဲမှာ မင်းသမီး မိုမိုဆဲ ဆိုတဲ့ ချစ်စရာကောင်မလေးနဲ့ အရှုံးသမား နိုဘိုရု နဲ့ ဒီဟန်ဆောင် ဆက်ဆံရေးကြီးကိုဘယ်လိုရှေ့ဆက်ကြမလဲ။ ဘယ်သူက အကြီးမားဆုံး တရားမမျှတမှု ကိုရသွားမှာလဲ ဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။
ဇာတ်လမ်းအကြောင်း