ဇာတ်ကားများ ရွေးရန်

The Wrong Man

1956ဇာတ်ကားအမှတ် 7.4/10105 မိနစ်

The Wrong Man 1956 IMDB : 7.6 Rotten Tomatoes : 98 % Genre : Noir / Thriller Psycho, Vertigo တို့လို့ ဂန္ဓဝင်ရုပ်ရှင်တွေရဲ့ ပဲ့ကိုင်ရှင် ဂန္ဓဝင်ဒါရိုက်တာကြီး အဲဖရက်ဟစ်ကော့ခ်ျရဲ့ The Wrong Manဆိုတဲ့ Old But Gold ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီကားကို ဖြစ်ရပ်မှန်အပေါ် အခြေတည်ရိုက်ကူးထားပြီး ဒါရိုက်တာကြီး အဲဖရက်ဟစ်ကော့ချ်ကတော့ သူရိုက်ဖူးတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်တွေထက်တောင် ဆန်းကြယ်တယ်လို့ ညွှန်းထားပါတယ်။ အာမခံရုံးကို ဓားပြတိုက်မှု ကျူးလွန်သူအဖြစ်စွပ်စွဲခံရတဲ့ အိမ်ထောင်သည်၊သားနှစ်ယောက်ဖခင် ခရစ္စတိုဖာဘလက်စတယ်ရိုဆိုသူကို အခြေခံထားပြီး အပြစ်မရှိကြောင်း သက်သေပြဖို့ကြိုစားရပုံကို ရိုက်ကူးထားပါတယ်။ ဒါပေမယ့် ဒီလိုပုံစံရုပ်ရှင်တွေနဲ့ မတူတာက မှားယွင်းဖမ်းဆီးခံရ နောက်ဆုံးမှာ အပြစ်မရှိကြောင်း သက်သေပြနိုင် ဆိုတာ မျိုးနဲ့ ဇာတ်သိမ်းထားတာ မဟုတ်ပဲ ဘလက်စတယ်ရိုရဲ့ မတရားဖမ်းဆီးရမှုက သူ့ရဲ့ဇနီးဖြစ်သူနဲ့ မိသားစုကို ရိုက်ခတ်ပုံတွေကို ရင်နှင့်ဖွယ်ကြည့်ရှူရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း