Memories
Memories (1995) IMDb-7.5/10, RT-82% မတူညီတဲ့ ဒါရိုက်တာသုံးယောက်ရဲ့လက်ရာ ဇာတ်လမ်းတိုသုံးပုဒ်ကို ပေါင်းစည်းထားတဲ့ ၃နှစ်တာဖန်တီးထားတဲ့ကားလေးပါ "Magnetic Rose" အပိုင်းကတော့ အာကာသထဲမှာစွန့်ပစ်ယာဉ်တွေကို သွားရှာကြတဲ့ အင်ဂျင်နီယာလေးဦးဟာ သူ့တို့ရဲ့အာကာသယာဉ်မှာ အရေးပေါ်အချက်ပြတစ်ခုရရှိတာကြောင့် ကယ်ဆယ်ဖို့သွားကြရင်း လျှို့ဝှက်ဆန်းကြယ် သဘာဝလွန်စွမ်းအားများနဲ့ အမှတ်မထင်ကြုံတွေ့ရတဲ့အကြောင်းလေးဖြစ်ပါတယ် "Stink Bomb" အပိုင်းကတော့ ဓာတ်ခွဲခန်းဝန်ထမ်းလူငယ်တစ်ဦးက အစိုးရကလျှို့ဝှက်ဖော်စပ်ခိုင်းတဲ့ ဓာတုဆေးဝါးလက်နက်ကို မတော်တဆသောက်မိသွားပြီး လူအများကိုအန္တရာယ်ပြုကာ သူသွားရာလမ်းတစ်လျှောက် ဘယ်လိုတွေဂယက်ထမလဲဆိုတာ ကြည့်ရှုရမှာပါ "Cannon Fodder" မှာတော့ ကလေးငယ်လေးနဲ့ သူ့ရဲ့ဖခင်တို့က စစ်ပွဲကိုရင်ဆိုင်နေရတဲ့ မြို့တစ်မြို့မှာ အသက်ရှင်ရပ်တည်ရေးအတွက် ဘယ်လိုတိုက်ပွဲဝင်ခဲ့ကြလဲဆိုတာ ရင်မောဖွယ်ကြည့်ရှရမှာပါ
ဇာတ်လမ်းအကြောင်း