My Fault
နစ်ရဲ့အဖေနဲ့ နိုအာရဲ့အမေတို့ နောက်အိမ်ထောင်ပြုလိုက်တဲ့အခါ နစ်နဲ့နိုအာဟာ မောင်နှမအဖြစ် ပတ်သက်လာကြပါတယ်။ နိုအာက သူ့အမေ လူချမ်းသာတစ်ယောက်နဲ့ လက်ထပ်တာကို သဘောမတူသလို နစ်နဲ့လည်း အစကတည်းက အဆင်မပြေပါဘူး။ နှစ်ယောက်စလုံးမှာလည်း မိသားစုကြောင့် ရလာတဲ့ စိတ်ဒဏ်ရာတွေ ကိုယ်စီရှိနေကြတယ်။ နစ်က ငယ်ငယ်ကတည်းက မိဘတွေကွာရှင်းခဲ့လို့ စိတ်ဒဏ်ရာရထားသူပါ။ အဖေ့ရှေ့မှာတော့ သားလိမ္မာတစ်ယောက်လို နေပေမယ့် ကွယ်ရာမှာ ကားပြိုင်မောင်း၊ ပါတီတက်၊ ရန်ဖြစ်ရင်း နေတတ်တယ်။ နိုအာကတော့ သူတို့သားအမိကို နှိပ်စက်ခဲ့တဲ့ အဖေ့ကို အလွန်ကြောက်နေသူပါ။ သူ့ရဲ့သက်သေထွက်ဆိုချက်ကြောင့် အဖေက ထောင်ကျနေပေမယ့် ခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကတော့ ကျန်နေဆဲဖြစ်ပါတယ်။ စရိုက်မတူကြတဲ့ သူတို့နှစ်ယောက်က တစ်ယောက်ကိစ္စထဲ တစ်ယောက်ဝင်မပါဖို့ သဘောတူထားကြတယ်။ ဒါပေမယ့် နစ်ရဲ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ဖြစ်ထားတဲ့ နိုအာဟာ သူသွားတဲ့ပါတီတွေ၊ ကားပြိုင်ပွဲတွေမှာ ရှိနေတတ်တော့ မကြာခဏ ဆုံဖြစ်ကြပါတယ်။ အဲဒီလိုတွေ့ဆုံနေရင်း တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားလာကြတယ်။ နိုအာ့အဖေဟာ ပြိုင်ကားမောင်းသမားဖြစ်ခဲ့ပြီး သူသင်ပေးထားလို့ နိုအာလည်း ကားပြိုင်မောင်းတတ်တာကိုတော့ အခြားသူတွေ မသိကြသေးပါဘူး။ ပြိုင်ပွဲတစ်ခုမှာ နိုအာက မထင်မှတ်ဘဲ နစ်ရဲ့ကားကိုယူပြီး ဝင်ပြိုင်မိသွားတယ်။ တစ်ဖက်က မသမာတဲ့နည်းနဲ့ ပြိုင်တာကြောင့် ကားကိုပါ ပေးလိုက်ရပြီး အဲဒီနောက် နိုအာ့ဆီ ခြိမ်းခြောက်စာတွေ ရောက်လာပါတော့တယ်။ စာပို့နေသူက ဘယ်သူလဲ၊ ဘာရည်ရွယ်ချက်ရှိတာလဲဆိုတာ မသိရသေးသလို နစ်နဲ့နိုအာတို့ရဲ့ အချစ်ရေးကလည်း ဖြောင့်ဖြူးပါ့မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။
ဇာတ်လမ်းအကြောင်း