The Last Boy
အလုံပိတ်အခန်းငယ်တစ်ခုတွင် ကောင်လေးတစ်ဦးက နာမကျန်းဖြစ်နေသောအမေကိုပြုစုနေ၏။ အမေဖြစ်သူမှာ အမျိုးမည်မသိကူးစက်ရောဂါတစ်ခုကြောင့် နေရမည့်အချိန်သိပ်မကျန်တော့။ သားငယ်သွားရမည့်ခရီးအတွက် အထပ်ထပ်မှာကြားလမ်းညွှန်ခဲ့ပြီး ညပိုင်းတွင်ကွယ်လွန်သွား၏။ မနက်တွင်တော့ကောင်လေး ခရီးစထွက်လာသည်။ သွားရလာသည်မှာသိပ်တော့မလွယ်ကူ။ ကမ႓ာပေါ်တွင်ထူးဆန်းသောမရဏလေကြောင့် အသက်ရှင်ကျန်သူသိပ်မရှိတော့။ ထိုလေဖြင့်ထိမိသူတိုင်း ပြာအတိဖြစ်သွား၏။ မိခင်ညွှန်ကြားထားသည့် အသက်ရှင်ရန်နည်းလမ်းများကို လိုက်နာပြီးလျှောက်လှမ်းလာရင်း မကြာခင်သူ့အရွယ်ကောင်မလေးတစ်ဦးနှင့်ဆုံသည်။ ဒီလိုနှင့်နှစ်ဦးသား ခရီးဆက်ကြရင် မရဏလေထက်ကြောက်စရာကောင်းသော အရာများနှင့်ကြုံကြရသည်။ဇာတ်လမ်းပုံစံအရ ဝက်ဝက်ကွဲအောင်မြင်ခဲ့သည့် A Quiet Place တို့ Bird Box တို့နှင့်ဆင်သော်လည်း သိပ်တော့မတူ။ ထိုနှစ်ကားမှီနိုင်မည်မဟုတ်သော်လည်း သူ့ဟာသူတော့ကြည့်လို့ကောင်းသည်။ ဘတ်ဂျက်လည်းကွာသည်ကိုး။ Imdb တွင်တော့ လောလောဆည် 6.9 ရထားသည်။ Credit - Review
ဇာတ်လမ်းအကြောင်း