Focus
လူလိမ် တစ်ယောက်ဖြစ်တဲ့ နခ်ကီ ( Nicky ) က တညမှာ ကလပ်သွားရင်းနဲ့ အတွေ့အကြုံနုုသေးတဲ့ ဂျက်စ် ( Jess ) ရဲ့ ဖျားယောင်းခြင်းကိုု ခံရပါတယ်။ ဂျက်စ် ရဲ့ အကြံက နခ်ကီနဲ့ အဆင်ပြေနေတုုန်း သဝန်တိုုတတ်တဲ့ ဂျက်စ် ရဲ့ ယောကျာ်းရောက်လာ ၊ နခ်ကီ ကိုုငွေညှစ် ဖုုိ့ဖြစ်ပေမယ့် နခ်ကီက သူတိုု့အကြံကိုု ဦးစွာဖော်ထုုတ်လိုုက်နိုုင်ပြီး ဂျက်စ်ကိုု သူတိုု့အလုုပ်က အာရုုံမထွေပြားဖိုု့အရေးကြီးကြောင်း သင်ပေးခဲ့ပါတယ်။ နောက်ရက်မှာတော့ ဂျက်စ်က နခ်ကီရှိတဲ့နေရာကိုု တွေ့အောင်ရှာပြီး သူ့ဆီမှာ တပည့်ခံလိုုကြောင်း ပြောပါတယ်။ နခ်ကီက ဂျက်စ်ကိုု နယူးအော်ရီလန်မြို့ ( New Orleans) ကိုုခေါ်သွားပြီး နခ်ကီတိုု့ အဖွဲ့လုုိက်လှုပ်ရှားတဲ့ ခါးပိုုက်နှိုက်ခြင်း ၊ လိမ်ခြင်းစတဲ့ အမှုသေးသေးလေးတွေမှာ ပါဝင်စေခဲ့ပါတယ်။ သူမရဲ့ အရည်အချင်းကိုု ပြသနိုုင်ခဲ့တဲ့အတွက် ဂျက်စ်က နခ်ကီရဲ့ အဖွဲ့သားဖြစ်လာခဲ့ပြီး သူတိုု့ နှစ်ယောက်ကြားမှာလည်း အချစ်ဇာတ်လမ်းတစ်ပုုဒ်ဖြစ်ခဲ့ပါတယ် ။ လူလိမ်အချင်းချင်း ဘယ်တော့မှ သံယောဇဉ်မထားမိဖိုု့ သူ့အဖေရဲ့ ဆုုံးမခဲ့တဲ့စကားကြောင့် နခ်ကီက သူနဲ့ ဂျက်စ်ရဲ့ အချစ်ရေးကိုု အမြဲစိတ်အနှောင့်အယှက်ဖြစ်မိပါတယ်။ တစ်ရက်မှာတော့ ဘောလုုံးပွဲကြီးတစ်ခုုမှာ နခ်ကီ နဲ့ ဂျက်စ်တိုု့ နှစ်ယောက်ပေါင်းပြီး လောင်းကစားသမား လီယူဝမ် ( Liyuan ) ကိုု ချွတ်ခြုံကျတဲ့အထိ လိမ်ခဲ့နိုုင်ပါတယ် ။ ဘောလုုံးပွဲကအပြန်မှာ နခ်ကီက ဂျက်စ်ရဲ့ ဝေစုုကိုုခွဲပေးရင်း သူမကိုုလမ်းခွဲခဲ့တဲ့အတွက် ဂျက်စ်အသည်းတွေကွဲခဲ့ရပါတယ်။ နောက် သုုံးနှစ်ကြာပြီးတဲ့နောက် နခ်ကီက အာဂျင်တီးနားမြို့တော် ဘွန်နိုုစ်အိုုင်းရရိစ် ( Buenos Aires) မှာ ပြိုင်ကားမောင်းတဲ့အသင်းပိုုင်ရှင် သန်းကြွယ်သူဌေး ဂါရီဂါ (Garriga) ဆီက အလုုပ်လက်ခံထားတဲ့အချိန်ဖြစ်ပါတယ်။ ဂါရီဂါက သူ့အသင်း ချန်ပီယံဖြစ်ဖိုု့အတွက် မက်ခ်အီဝင် ( McEwen) အသင်းကိုု အနိုုင်ရချင်နေသူဖြစ်ပါတယ်။ နခ်ကီရဲ့ အလုုပ်ကတော့ ဂါရီဂါအသင်းမှာ စက်ပြင်ဆရာအဖြစ်ဟန်ဆောင်ပြီး ဂါရီဂါကိုု မကျေနပ်တဲ့အတွက် မက်ခ်အီဝင်အသင်းကိုု ကူညီဟန်ဆောင်ကာ မက်ခ်အီဝင်အသင်းထံ အရည်အသွေးညံ့တဲ့ ကားပစ္စည်းအတုုများကိုု ရောင်းနိုုင်ဖိုု့ဖြစ်ပါတယ်။ ပြိုင်ပွဲအကြို ဂုုဏ်ပြုပွဲပါတီမှာတော့ ဂျက်စ်ကိုု ဂါရီဂါရဲ့ ရည်းစားအဖြစ်နဲ့ ပြန်တွေ့လိုုက်ရတဲ့အခါ နခ်ကီ စိတ်မထိန်းနိုုင်ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီနောက် နခ်ကီက ဂျက်စ်ကိုု ပြန်သိမ်းသွင်းဖိုု့ကြိုးစားရင်း သူတိုု့နှစ်ယောက်ရဲ့ အချစ်ရေးကလည်း ပြန်အဆင်ပြေလာခဲ့ပေမယ့် ဂါရီဂါရဲ့ လုုံခြုံရေးအရာရှိက သူတိုု့အပေါ်သံသယဝင်လာတဲ့အခါ .... အခုရေးပြခဲ့တဲ့ဇာတ်လမ်းအကျဉ်းက ဇာတ်လမ်းရဲ့ သုုံးပုုံနှစ်ပုုံပဲ ရှိပါသေးတယ်။ အမှောင်လောကမှာ ကျင်လည်တဲ့ နခ်ကီနဲ့ ဂျက်စ်တိုု့ ဇာတ်သိမ်းမှာ ဘာတွေထပ်ကြုံရမလဲ ဆိုုတာ သိချင်ရင် ဒီဇာတ်ကားမှာ နခ်ကီအဖြစ် အားလုုံးသိပြီးဖြစ်တဲ့ လူမည်းမင်းသား ဝီလ်စမစ် ( WIll Smith ) နဲ့ ဂျက်စ်အဖြစ် The Wolf of Wall Street ဇာတ်ကားမှာ နာအိုုမီ အဖြစ် နံမည်ရခဲ့တဲ့ အသက် ၂၅ သာရှိသေးတဲ့ သြစတေးလျမင်းသမီးချော မားဂေါ့ရော်ဘီ ( Margot Robbie) က ပါဝင်သရုုပ်ဆောင်ထားပါတယ်။ အသက် ၁၈ နှစ်အောက်မကြည့်ရသတ်မှတ်ထားတဲ့ Rating R အဆင့်ရှိတဲ့ ဒီဇာတ်ကားက IMDB rating မှာတော့ 6.8 ရရှိထားပါတယ်။ ဝီလ်စမစ်ရဲ့ ဟာသနှောတဲ့ သရုုပ်ဆောင်ဟန်ကိုု ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ ဒီဇာတ်လမ်းက ကြည့်ပျော်တဲ့ သာမန်ဇာတ်လမ်းတစ်ပုုဒ်လိုု့ ထင်မြင်မိပါတယ်။ ထူးခြားတာကတော့ အက်မင် ဒီ review ကိုုရေးနေချိန် မိနစ်ပိုုင်းအတွင်းမှာပဲ ကြည့်ရှုသူပေါင်း တစ်သောင်းခွဲကျော်မှပေးတဲ့ IMBD rating က 6.9 ဖြစ်သွားခဲ့ပါတယ်ဆိုုတာလဲ တဆက်ထဲပြောခဲ့ပါရစေ ။ ရုပ်ရှင်အညွှန်း - Ciao! (Movie Guide)
ဇာတ်လမ်းအကြောင်း