ဇာတ်ကားများ ရွေးရန်

The Raid 2

2014ဇာတ်ကားBlu-Ray 1080p

2011 ကထွက်ရှိခဲ့တဲ့ The Raid Redemption ရဲ့အဆက်ဖြစ်တဲ့ ဒီကားထဲမှာ ရာမဆိုတဲ့ရဲလေးက အဆောက်အအုံကြီးထဲက မူးယစ်ဂိုဏ်းကိုနှိမ်နင်းနိုင်ခဲ့ပြီးလို့ သာမန်ဘဝနဲ့နေရတော့မယ်လို့ မျှော်လင့်ထားပေမဲ့ သူ့အတွက်တာဝန်တွေကမပြီးဆုံးသေးပါဘူး အာဏာရှိဂိုဏ်းတခုရဲ့အကြံအစည်တွေကိုအနီးကပ်သိရဖို့အတွက် ရာမက သူလျှိုလုပ်ရဦးမှာပါ ဂိုဏ်းခေါင်းဆောင်ရဲ့ယုံကြည်မှုကိုရဖို့အတွက် ထောင်ကျနေတဲ့သားဖြစ်သူ ယူကို ကိုအရင်ချဉ်းကပ်ရမှာဖြစ်ပါတယ် ယူကိုကထောင်ကျနေတဲ့အခါ သူ့အနားကိုကပ်ဖို့အတွက် ရာမပါထောင်ထဲလိုက်ဝင်ရပါတော့တယ် ထောင်ထဲမှာယူကိုကိုကာကွယ်ပေးရင်း ယုံကြည်မှုရလာတာတဲ့ရာမကို သူတို့ဂိုဏ်းထဲဝင်ဖို့အတွက် ယူကိုကသူ့အဖေဆီခေါ်သွားတဲ့အခါ ရာမအလိမ်တွေပေါ်သွားမှာလား သားအဖ၂ယောက်လုံးကသူ့ကိုပဲဆက်ယုံကြည်ကြမှာလားဆိုတာ စိတ်ဝင်စားစရာပါ ဒီကားက ပထမကားလောက်အတိုက်အခိုက်မများပေမဲ့ ဇာတ်လမ်းအသားပေးထားပြီး ရာမရဲ့တစ်ကိုယ်တော်အစွမ်းတွေကို ပိုတွေ့ရမှာဖြစ်ပါတယ် Review - Credit

ဇာတ်လမ်းအကြောင်း